နှာခေါင်းတွေ မေးရိုးတွေပြတ်ထွက်ပြီး ဟောင်းလောင်းပေါက်ကြီး ဖြစ်နေပေမယ့် အသက်ရှင်ခွင့်ရခဲ့တဲ့ အမျိုးသား

//s9.kh1.co/92/924b286c1fd054dadd5acb6e23b71888ec3ade94.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာကဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ မျက်နှာအောက်ပိုင်းတစ်ခုလုံး ဟောင်းလောင်းပေါက်ကြီးဖြစ်သွားတာတောင် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ စစ်ဗိုလ်တစ်ဦးရှိခဲ့ပါတယ်။

သူရဲ့နာမည်ကတော့ Leo H.La Dage ဖြစ်ပြီး အကြီးတန်းစစ်ဗိုလ်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူဟာ စစ်ပွဲအတွင်းမှာ ဗုံးမိပြီး မျက်နှာအောက်ပိုင်းတစ်ခုလုံး ဟောင်းလောင်းပေါက်ကြီးဖြစ်သွားတဲ့သလို သူ့ရဲ့ပါးစပ် နှာခေါင်းနဲ့ မေးရိုးတွေအားလုံး အသားစဖြစ်သွားခဲ့ပါတယ်။

photo credit - Sciencedirect
photo credit - Sciencedirect

သူ့ရဲ့ ပါးစပ်ထဲမှာဆိုရင်လည်း သွားတွေလည်း တစ်ချောင်းမှ မတွေ့ရတော့သလို တကယ့်ကို ကြောက်စရာပုံစံကြီးဖြစ်သွားခဲ့ပါတယ်။ဒါ့အပြင် သူ့ရဲ့ဦးခေါင်းခွံဟာဆိုရင်လည်း ကျိုးတဲ့နေရာကကျိုး အက်တဲ့နေရာက အက်နေခဲ့ပေမယ့် သူဟာ အသက်မသေဆုံးခဲ့ပါဘူး။ပရိသတ်တွေ ယခုမြင်တွေ့နေရတဲ့ ပထမတစ်ပုံကတော့ သူဒဏ်ရာရရှိကာစက ဓာတ်ပုံဖြစ်ပြီး ဒီလိုပုံစံကြီးနဲ့ အသက်ပြန်ရှင်လာတာက တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်တစ်ခုပါပဲ။

photo credit - Sciencedirect
photo credit - Sciencedirect

ဒုတိယပုံကတော့ အနာသက်သာပြီး ပြန်ကောင်းလာတဲ့ ဓာတ်ပုံဖြစ်ပြီး သူဟာ စစ်တပ်ထဲကိုတောင် ပြန်သွားခဲ့တယ်လို့သိရပါတယ်။အဲ့အချိန်တုန်းက ဆေးပညာနဲ့ သူ့ကိုအသက်ရှင်အောင် ဘယ်လိုကုပေးခဲ့လဲဆိုတာ ဘယ်သူမှသေချာမပြောနိုင်ခဲ့ပါဘူး။သူကပဲအသက်ပြင်းလို့လား ကုသပေးတဲ့ဆရာဝန်တွေကပဲ တော်လို့လားဆိုတာကတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သူတွေပဲ ရှင်းပြနိုင်ပါလိမ့်မယ်။ဘာတွေပဲဖြစ်ဖြစ် ဒီလိုလူတစ်ယောက်ကို အသက်မသေပဲ ရှင်သန်အောင်ကုသပေးနိုင်တဲ့ ဆရာဝန်တွေကတော့ လေးစားစရာပါပဲ။

……………………………………

photo credit - Sciencedirect
photo credit - Sciencedirect

သတင်း အရင်းအမြစ်Sciencedirect

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T