ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အာဘွိုင်းကတော့ လတ်တလောမှာဆိုရင် သီချင်းအသစ်လေးတွေလည်းဆက်လက်ထွက်ရှိထားပြီး ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုကို ရရှိထားတာဖြစ်ပါတယ်နော်။အာဘွိုင်းက ချစ်ဇနီးချောလေးမြတ်ရတနာကျော်နဲ့လည်း MVတစ်ပုဒ်မှာ အတူတူပါဝင်သရုပ်ဆောင်ထားသေးတာဖြစ်ပါတယ်။မြတ်ရတနာကျော်က ကလေးတစ်ယောက်အမေလို့တောင်မထင်ရဘဲ နုငယ်ပျိုမျစ်ပြီး အပျိုရှုံးအောင်လှပနေတာဖြစ်ပါတယ်နော်။
အာဘွိုင်းကလည်း အရုပ်မလေးလိုချစ်စရာကောင်းတဲ့ချစ်ဇနီးချောလေးကို အရိပ်တကြည့်ကြည့်နဲ့အမြဲကြင်နာယုယပေးတာဖြစ်ပါတယ်။မြတ်ရတနာကျော်ကတော့ အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ သမီးလေးနဲ့ချစ်ခင်ပွန်းရဲ့ဝေယျာဝစ္စတွေကို ကိုယ်တိုင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့က Vlogလေးတွေလည်းရိုက်ကူးပြီး ချစ်ပရိသတ်တွေကို တစ်နေ့တစ်မျိုးမရိုးရအောင် တင်ဆက်နေတာဖြစ်ပါတယ်နော်။
အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့က ရှေ့သွား နောက်လိုက်ညီလို့ အရမ်းလိုက်ဖက်တဲ့စုံတွဲလေးဖြစ်ပါတယ်နော်။အာဘွိုင်းကလည်း ချစ်ဇနီးလေးရဲ့လက်ကိုဆွဲပြီး တစ်ကမ္ဘာလုံးကို အနှံ့လျှောက်လည်တာဖြစ်ပါတယ်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ စိတ်တူကိုယ်တူရှိကြလို့ ခရီးတွေလည်းအနှံ့အပြားထွက်ပြီး အမြဲပျော်ရွှင်နေကြတာဖြစ်ပါတယ်။မြတ်ရတနာကျော်ကတော့ ကိုဗစ်ပြီးသွားရင် အချစ်နဲ့အတူ ကိုရီးယားကိုသွားဦးမယ်ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။
Source&Photo Credit:Our Travel Diaries' Facebook page