ကြွေရုပ်လေးတစ်ရုပ်အလားထင်မှတ်ရလောက်အောင် ပြီးပြည့်စုံတဲ့အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ ပက်ထရစ်ရှာ

//s9.kh1.co/13/137d43c633673cf8482e136987cb9ec14a6a5d6e.jpeg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.....

ချစ်ပရိသတ်ကြီးရေ ဘိုဆန်တဲ့ မျက်နှာလေးနဲ့ မင်းသမီးချောလေးပက်ထရစ်ရှာကတော့ ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ သရုပ်ဆောင်အဖြစ် ရပ်တည်ထားနိုင်တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လပ်စွာနေထိုင်ပြောဆိုတတ်တဲ့ မင်းသမီးချောလေးလေးပဲ ဖြစ်ပါတယ်။

 Photo Credit : Sue Sha Naing Facebook Account
 Photo Credit : Sue Sha Naing Facebook Account
 Photo Credit : Sue Sha Naing Facebook Account
 Photo Credit : Sue Sha Naing Facebook Account

သူမကတော့  ငယ်ရွယ်တက်ကြွပြီး နိုင်ငံခြားမင်းသမီးတွေလို မျက်နှာနဲ့ ဆွဲဆောင်မှုရှိသူလေး ဖြစ်ပါတယ်။ Showပွဲတွေမှာလည်းပါဝင်လျှောက်လှမ်းသလို အမိုက်စားပုံတွေကိုလည်း ရိုက်ကူးကာ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။ အခုဆိုသူမက ကြော်ငြာ၊ ဗီဒိယိုဇာတ်ကားတွေလည်း ရိုက်ကူးသလို ရုပ်ရှင်ကားကြီးတွေကိုပါ ရိုက်ကူးသရုပ်ဆောင်လာပြီ ဖြစ်ပါတယ်။ 

 Photo Credit : Sue Sha Naing Facebook Account
 Photo Credit : Sue Sha Naing Facebook Account
 Photo Credit : Sue Sha Naing Facebook Account
 Photo Credit : Sue Sha Naing Facebook Account

ရှာရှာကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေနဲ့ အမိုက်စား အလှပုံလေးတွေကို သူရဲ့ instagram အကောင့်မှာ အများဆုံးဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း စူးရှတဲ့ အကြည့်တွေနဲ့ နိုင်ငံခြားမင်းသမီးလေးအလား ထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိရှိရိုက်ထားတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ် ။ ပုံလေးတိုင်းက ကြည့်မိသူတိုင်းရင်ခုန်စွဲမက်ချင်စရာကောင်းလွန်းတာကြောင့် ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

 Photo Credit : Sue Sha Naing Facebook Account
 Photo Credit : Sue Sha Naing Facebook Account
 Photo Credit : Sue Sha Naing Facebook Account
 Photo Credit : Sue Sha Naing Facebook Account

Source & Photo Credit : Sue Sha Naing Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T