ပညာရေးတက္ကသိုလ်တက်ချင်တဲ့ ကျောင်းသား/သူတွေကို ပြေတီဦးဖောင်ဒေးရှင်းမှထောက်ပံ့ပေးမယ့်အကြောင်း သတင်းကောင်းပါးလိုက်တဲ့ အူဝဲ

//s9.kh1.co/39/39fb7c8356e4f591bd38738e0afa2f968f3f1f2c.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ပညာရေးတက္ကသိုလ်တက်ချင်တဲ့ ကျောင်းသား/သူတွေကို ပြေတီဦးဖောင်ဒေးရှင်းမှထောက်ပံ့ပေးမယ့်အကြောင်း သတင်းကောင်းပါးလိုက်တဲ့ အူဝဲ

ပရိသတ်ကြီးရေ အကယ်ဒမီပြေတီဦးနဲ့အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်ပါတယ်နော်။အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ယောက်က အနုပညာအလုပ်တွေကို အတူတူတွဲလုပ်ကြရင်း ဖူးစာကံကြောင့် နှစ်ယောက်တစ်ဘဝလေးကိုတည်ဆောက်ထားကြတာဖြစ်ပါတယ်။ပြေတီဦးနဲ့အူဝဲတို့မှာ သားတစ်ယောက်၊သမီးတစ်ယောက်လည်းထွန်းကားထားပြီး တည်ငြိမ်အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။

Photo Credit:Eaindra Kyaw Zin's IG Acc
Photo Credit:Eaindra Kyaw Zin's IG Acc
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page

အူဝဲနဲ့ပြေတီဦးတို့ဇနီးမောင်နှံနှစ်ယောက်က "ပြေတီဦးဖောင်ဒေးရှင်း"ကိုလည်းတည်ထောင်ထားပြီး ကျောင်းသားတွေကို ပညာသင်စရိတ်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်နော်။အခုချိန်မှာဆိုရင် ပြေတီဦးဖောင်ဒေးရှင်း ရပ်တည်လာခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါတယ်။အခုဆိုရင်လည်း ပြေတီဦးဖောင်ဒေးရှင်းကနေ (၂၀၂၀-၂၀၂၁)ခုနှစ်အတွက် ကျောင်းသား၊ကျောင်းသူများကို ပညာသင်စရိတ်ထောက်ပံ့ပေးဖို့အတွက် အောက်ပါအတိုင်းသတင်းကောင်းပါးလိုက်တာဖြစ်ပါတယ်နော်။ 

Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page

အူဝဲကတော့ "ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ ဖောင်ဒေးရှင်းစတင်တည်ထောင်သည့်အချိန်မှ စပြီး ပညာသင်စရိတ် အမှန်တကယ်လိုအပ်သူ ဆေးတက္ကသိုလ်၊စက်မှုတက္ကသိုလ်၊ဥပဒေ ကျောင်းသား/သူ များကို နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့ပြီး ယခု၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဥပဒေကျောင်းသား/သူ များအပြင် ထပ်တိုးအနေဖြင့် ပညာရေးတက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူ ၂ဦးကို ထပ်တိုး ထောက်ပံ့ပေးမည်ဖြစ်သည့်အတွက် ပညာသင်စရိတ်လျှောက်ထားလိုသူများ အောက်ပါပုံမှ အချက်အလက်များကို သေချာစွာဖတ်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်းသတင်းကောင်းလေးပါးလိုက်ပါတယ်"ဆိုပြီး ရသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page
Photo Credit:Eaindra Kyaw Zin's FB page

Source&Photo Credit:Eaindra Kyaw Zin's FB page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T