မင်းသွေးခန့်နဲ့အတူနှစ်ယောက်သား ကြည်ကြည်နူးနူး‌လေးနဲ့ ရိုဆန်နေကြတဲ့ရိုက်ကွင်းပုံရိပ်လေးတွေကိုမျှဝေပေးလာတဲ့ G

//s9.kh1.co/4d/4d912797818dc7651603ec3aa757caf503b4fb81.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......အဆိုဘက်မှာရော သရုပ်ဆောင်ဘက်မှာရော ဆရာတစ်ဆူလို့တင်စားရလောက်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့တူမလေးဖြစ်တဲ့ အဆိုတော် Gဟာလည်း The Voice Myanmar ပြိုင်ပွဲ၀င်တစ်ယောက်ဖြစ်ခဲ့ပြီး တမူထူးခြားတဲ့အသံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အ၀ရရှိခဲ့တာလည်း ဖြစ်ပါတယ်......။Gဟာ ပရဟိတအလုပ်တွေမှာဆိုရင်လည်း လက်ဖျား‌ခါရလောက်အောင်ကို အားတက်သရောကူညီလုပ်ဆောင်နေတာလည်းဖြစ်ပြီး သူဌေးသမီးတစ်ယောက်လိုမဟုတ်ပဲ ပွင့်လင်းစွာနေထိုင်တတ်တဲ့သူလေးပါနော်။

​ Photo credit-​ G Vocals's Facebook page
​ Photo credit-​ G Vocals's Facebook page
​ Photo credit-​ G Vocals's Facebook page
​ Photo credit-​ G Vocals's Facebook page

Gဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မျိုးဆက်လေးဖြစ်ပေမယ့်လည်း လတ်တလောကြုံတွေ့နေရတဲ့ Covid-19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တတ်နိုင်သရွေ့ကိုယ်တိုင်ပါ၀င်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ Gဟာ ပရဟိတအလုပ်တွေလုပ်ကိုင်နေသလို တစ်ဖက်မှာလည်း အနုပညာအလုပ်တွေနဲ့ Live salesရောင်းချ‌မှုတွေပြုလုပ်နေတာဖြစ်တဲ့အပြင် အခုဆိုရင်လည်းကြော်ငြာရိုက်ကူးမှုလေးပြုလုပ်နေတာဖြစ်ပါတယ်။

​ Photo credit-​ G Vocals's Facebook page
​ Photo credit-​ G Vocals's Facebook page
​ Photo credit-​ G Vocals's Facebook page
​ Photo credit-​ G Vocals's Facebook page

မကြာသေးမီက Gဟာ သူမရဲ့ Facebookစာမျက်နှာလေးမှာ "ကြော်ငြာရိုက်ကူးမှုအတွက်ပုံရိပ်လေးတွေကို ညီမရဲ့ ပထမဆုံး TVC လေးထွက်ရင် အားပေးကြမလား?ကိုယ်တိုင်ဖန်တီးထားတဲ့ DIY Cake လှလှလေးနဲ့ Valentine's Day မှာချစ်ရသူကို Suprise လုပ်ပေးချင်တဲ့SP Bakery Bakery ကနေ မှာလို့ရတယ်နော်...." ဆိုပြီးရေးသားကာ မင်းသွေးခန့်နဲ့အတူ ရိုဆန်ဆန်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

​ Photo credit-​ G Vocals's Facebook page
​ Photo credit-​ G Vocals's Facebook page
Photo credit-​ G Vocals's Facebook page
Photo credit-​ G Vocals's Facebook page

သတင်း အရင်းအမြစ်G Vocals's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T