ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး သူမရဲ့ကိုယ်ပိုင်မိသားစုလေးကိုသာစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။မိုးယုစံက ဒုတိယရင်သွေးလေးကိုလည်း လွယ်ထားရတာဖြစ်လို့ မကြာတော့မယ့်အချိန်မှာ မိသားစုဝင်အသစ်ထပ်တိုးတော့မှာဖြစ်ပါတယ်နော်။မိုးယုစံက သားသားလေးကို ဖေဖော်ဝါရီလထဲမှာ မွေးဖွားမှာဖြစ်ပြီး အခုအချိန်ကတည်းက ဆေးခန်းလည်းပုံမှန်ပြကာ အစစအရာရာကို ကြိုတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc

မိုးယုစံရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးချောလေးကို အသေးစိတ်ကအစဂရုစိုက်ပေးပြီး သေချာစောင့်ရှောက်ပေးတာဖြစ်ပါတယ်နော်။မိုးယုစံကတော့ ချစ်ခင်ပွန်းရဲ့ပြုစုစောင့်ရှောက်မှုတွေကြောင့် အမြဲစိတ်ချမ်းသာပျော်ရွှင်နေရတာဖြစ်ပါတယ်။Austinလေးကလည်း ညီလေးရတော့မှာဖြစ်လို့ အရမ်းပျော်ရွှင်နေပြီး အခုကတည်းက အစ်ကိုကြီးအရမ်းပီသနေတာဖြစ်ပါတယ်နော်။မိုးယုစံကတော့ သားလေးနှစ်ယောက်ရဲ့မေမေဖြစ်တော့မှာကြောင့် အရမ်းပီတိဖြာနေတာဖြစ်ပါတယ်။ 

Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc

မိုးယုစံကတော့"သားနှစ်ယောက်မေမေဖြစ်တော့မယ်ဆိုတော့ အလှတွေလျော့သွားပြီလားမသိဘူး မလှလှအောင်တော့ ပဲပေးလိုက်ဦးမယ်"ဆိုပြီး သူမရဲ့အလှပုံလေးတွေကို တင်ပေးလာတာဖြစ်ပါတယ်။မိုးယုရဲ့ဗိုက်လေးကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပေါ်လာပြီး လုံးလုံးလေးနဲ့ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။မိုးယုစံကတော့ ကိုယ်ဝန်ရင့်လာပေမယ့်လည်း အသားအရေလေးကကြည်လင်ပြီး နုပျိုလှပနေလို့ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc

Source&Photo Credit:Moe Yu San's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။