သူ့ရဲ့မျက်နှာချောချောလေးကို ဖြတ်ရိုက်မယ်ဆိုပြီး ချစ်ဇနီးလေးမေခလာက အပီဖြဲနေတဲ့အကြောင်းကို ရင်ဖွင့်လာတဲ့ ရန်ကျော်

//s9.kh1.co/a5/a54c44389e8526dba6a9f99239b923f82931caa9.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့မျက်နှာချောချောလေးကို ဖြတ်ရိုက်မယ်ဆိုပြီး ချစ်ဇနီးလေးမေခလာက အပီဖြဲနေတဲ့အကြောင်းကို ရင်ဖွင့်လာတဲ့ ရန်ကျော်

ပရိသတ်ကြီးရေ တေးသံရှင်မေခလာနဲ့သရုပ်ဆာင်ရန်ကျော်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အိမ်ထောင်တစ်ခုကို တည်ဆောက်လာကြတာဟာဆိုရင် နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါတယ်။မေခလာတို့မှာ (၁၈)နှစ်အရွယ် သမီးလေးတစ်ယောက်လည်းရှိလို့ သူမတို့ရဲ့မိသားစုဘဝလေးက ပိုမိုပြည့်စုံသွားပါတယ်နော်။မေခလာနဲ့ရန်ကျော်တို့ဇနီးမောင်နှံကလည်း သမီး‌ချောလေးကို သေချာ‌ဆုံးမသွန်သင်ပြီး မိဘမေတ္တာအပြည့်အဝနဲ့စောင့်ရှောက်ပေးလို့ ပြည့်ပြည့်လေးက လိမ္မာရေးခြားရှိပါတယ်။

Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account

ရန်ကျော်ကလည်း အိမ်ထောင်ဦးစီးကောင်းပီသစွာနဲ့ မိသားစုကိုအမြဲစိတ်ချမ်းသာအောင် ထားပေးတာဖြစ်ပါတယ်။မေခလာနဲ့ရန်ကျော်တို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့လက်တွဲနေကြတာဖြစ်ပါတယ်နော်။လက်ရှိမှာဆိုရင်လည်း မေခလာနဲ့ရန်ကျော်တို့က သီချင်းအသစ်လေးတွေမှာ အတူတူပါဝင်သရုပ်ဆောင်ကြပြီး အနုပညာအလုပ်တွေတွဲလုပ်နေကြတာဖြစ်ပါတယ်။ရန်ကျော်နဲ့မေခလာတို့ဇနီးမောင်နှံကတော့ ရှေ့သွားနောက်လိုက်ညီပြီး အရမ်းလိုက်ဖက်တဲ့စုံတွဲလေးဖြစ်ပါတယ်နော်။

Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account

အခုဆိုရင်တော့ ရန်‌ကျော်က "မေခလာကတော့ဗျာ ကျွန်တော့်ကိုအပီဖြဲနေပြီ ကျွန်တော့် မျက်ခွက်ကို
ဖြတ်ရိုက်မယ်တဲ့ဗျာ ကဲ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေ လောကကြီးမှာ မိန်းမတွေပေါတယ်နော်။ယောကျာ်းတွေရှားတယ် မေခလာကပဲ ရန်ကျော်ကိုဖြတ်ရိုက်မှာလား ရန်ကျော်ကပဲ မေခလာကိုဖြတ်ရိုက်မှာလား (21) ရက်နေ့ ညနေကျရင် တေးရေး ဒယ်ဒီသံသံရေးပြီး ဒါရိုက်တာ တေဇာ ရိုက်ကူးတဲ့ "ရှ"ဆိုတဲ့ သီချင်း MTV မှာ ကျွန်တော့ညီအစ်ကိုမောင်နှမတွေ စောင့်ကြည့်ပေါ့ဗျာ"ဆိုပြီး နောက်ထပ်သီချင်းအသစ်လေးအကြောင်းကို ရေးသားမျှဝေလာတာပဲဖြစ်ပါတယ်။ 

Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account
Photo Credit:Yan Kyaw's Facebook Account

Source&Photo Credit:Yan Kyaw's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T