သူပေးတဲ့မွေးနေ့လက်ဆောင်လေးကိုတယုတယဝတ်ဆင်ကာပျော်ရွှင်နေတဲ့ယွန်းယွန်းကိုကြည့်ပြီးကြည်နူးမဆုံးဖြစ်နေတဲ့ အောင်မင်းခန့်

//s9.kh1.co/48/48c4f727996eca6ab8e1a020b2a5cb04c17b8388.jpeg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  ယွန်းယွန်းကတော့ ကလေးဘဝကတည်းက  အနုပညာအလုပ်ကို  လုပ်ကိုင်ခဲ့ပြီး  ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက်ရရှိထားတဲ့  ချစ်စရာကောင်းတဲ့  ကောင်မလေးတစ်ဦးပဲ  ဖြစ်ပါတယ်။  မနေ့ကတော့  သူမရဲ့ (၂၁) နှစ်ပြည့်မွေးနေ့လေးပဲ  ဖြစ်ပြီး  ချစ်ခင်ရတဲ့  သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများနဲ့  အနုပညာရှင်ညီအစ်ကိုမောင်နှမများက  ယွန်းယွန်းရဲ့ လူမှုကွန်ယက်များတွင်  မွေးနေ့ဆုတောင်းများရေးသားထားကြတာပဲ  ဖြစ်ပါတယ်။  ယွန်းယွန်းဟာ  မွေးနေ့လေးကို  ချစ်ရတဲ့သူတွေနဲ့သာ  ဖြတ်သန်းကုန်ဆုံးခဲ့တာပဲ  ဖြစ်ပါတယ်။

Photo Crd- Phonn Photography
Photo Crd- Phonn Photography
Photo Crd- Phonn Photography
Photo Crd- Phonn Photography
Photo Crd- Yoon Yoon’s Facebook Account 
Photo Crd- Yoon Yoon’s Facebook Account 

ဒါ့အပြင်  Double Dating အဖွဲ့သားများနဲ့အတူ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတွင်လည်း  အလှူငွေများလည်း  သွားရောက်လှူဒါန်းခဲ့သေးတာပဲ  ဖြစ်ပါတယ်။  ညပိုင်းတွင်တော့  သရုပ်ဆောင်  စည်သူဝင်း ၊ အောင်မင်းခန့် ၊  သဇင်ထူးမြင့်နဲ့  အဆိုတော်သိန်းလင်းစိုး  အစရှိတဲ့ ချစ်ခင်ရသူများနဲ့  ညစာစားခဲ့ကြတာပဲ  ဖြစ်ပါတယ်။  (၂၁) နှစ်ပြည့်မွေးနေ့လေးဟာ  သူမအတွက် အရမ်းကို ပျော်စရာကောင်းခဲ့ကြောင်းကိုလည်း  ပြောကြားခဲ့တာပဲ  ဖြစ်ပါတယ်။

Photo Crd- Khine Hnin Wai’s Facebook Account 
Photo Crd- Khine Hnin Wai’s Facebook Account 
Photo Crd- Thazin Htoo Myint’s Facebook Account 
Photo Crd- Thazin Htoo Myint’s Facebook Account 
Photo Crd- Yoon Yoon’s Facebook Account 
Photo Crd- Yoon Yoon’s Facebook Account 

သဇင်ထူးမြင့်ရဲ့Facebook Story တွင်လည်း  ဗီဒီယိုဖိုင်လေးတစ်ခု တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  အောင်မင်းခန့်ပေးတဲ့ Surprise မွေးနေ့လက်ဆောင်လေးကြောင့်ဖုံးမဖိနိုင်လောက်အောင်အပျော်လွန်နေတဲ့ ယွန်းယွန်းရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  ယွန်းယွန်းရဲ့Facebook Story တွင်လည်း သူမရဲ့လက်ကို  အောင်မင်းခန့်ကိုင်ထားတဲ့ပုံလေးတင်ထားပြီး " Double Surprises “ ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်  ဒီဗီဒီယိုဖိုင်လေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thazin Htoo Myint’s , Khine Hnin Wai’s and Yoon Yoon’s Facebook Account 

Photo Crd- Phonn Photography 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T