စိတ်ထားလေးကနူးညံ့ပြီးလူတန်းစားမခွဲခြားတတ်လို့ ဘယ်နေရာမှာမဆို ပကာသနကင်းမဲ့စွာ စားသောက်‌နေထိုင်တတ်တဲ့ ပိုင်တံခွန်

//s9.kh1.co/1c/1cc57bd4535a8eb0030a123bcf5cb1104233320f.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

စိတ်ထားလေးကနူးညံ့ပြီးလူတန်းစားမခွဲခြားတတ်လို့ ဘယ်နေရာမှာမဆို ပကာသနကင်းမဲ့စွာ စားသောက်‌နေထိုင်တတ်တဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ Model၊မင်းသားချောလေးပိုင်တံခွန်ကတော့ အနုပညာလောကမှာ တောက်ပနေတဲ့ကြယ်ပွင့်လေးတစ်ပွင့်ပဲဖြစ်ပါတယ်။ပိုင်တံခွန်က အလုပ်တွေကိုလည်းကြိုးစားလုပ်ဆောင်ပြီး ပရိသတ်တွေကိုလေးစားတာကြောင့် လူအများအပြားရဲ့ချစ်ခြင်းမေတ္တာတရားတွေကို ပြန်လည်ရရှိနေတာပဲဖြစ်ပါတယ်။ပိုင်တံခွန်က လက်ရှိမှာဆိုရင် ကြော်ငြာတွေအများအပြားကိုရိုက်ကူးနေရပြီး အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်နေရတာဖြစ်လို့ သူ့ရဲ့အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲနော်။

Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account 

ပိုင်တံခွန်ဟာဆိုရင် ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်းမလေးတွေကြားမှာ ရေပန်းစားသွားခဲ့ပြီး အခုနှစ်အစပိုင်းမှာလည်း တရုတ်ပြည်မှာပါ ဆက်လက်အောင်မြင်နေပြီဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ တရုတ်ပြည်မှာဆိုရင် Weibo hot search(No.20)နေရာကို ပထမဆုံးရောက်ရှိခဲ့တဲ့ မြန်မာအနုပညာရှင်ပဲဖြစ်ပါတယ်နော်။ပိုင်တံခွန်ရဲ့အောင်မြင်မှုတွေကြောင့် မြန်မာပြည်ကပရိသတ်တွေကလည်း ထပ်တူဂုဏ်ယူနေရပြီး သူ့ရဲ့လှုပ်ရှားမှုတိုင်းကို အားပေးနေကြတာဖြစ်ပါတယ်။ 

Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account 

ပိုင်တံခွန်က တစ်စထက်တစ်စ ပိုပိုအောင်မြင်လာပေမယ့် မာန်မာနမကြီးသွားဘဲ အမြဲဖော်ဖော်ရွေရွေနေတတ်တဲ့သူဖြစ်ပါတယ်နော်။ပိုင်တံခွန်က ရိုးရိုးရှင်းရှင်းသာနေထိုင်စားသောက်‌တတ်ပြီး ပကာသနကင်းမဲ့လို့လည်း ပရိသတ်တွေက ပိုပိုချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဘယ်နေရာမှမဆို လိုက်လျောညီထွေစွာ စားသောက်တတ်တဲ့ ပိုင်တံခွန်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေလည်းကြည့်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account 
Photo Credit:Paing Takhon's Facebook Account Mystory
Photo Credit:Paing Takhon's Facebook Account Mystory

Source&Photo Credit:Paing Takhon's Facebook Account Mystory

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T