ဝိတ်လျှော့မယ်ကြံတိုင်း ပိုဝလာရတဲ့အကြောင်းရင်းအမှန်ကို ချက်ကျလက်ကျပြောပြလိုက်လို့ ပရိသတ်တွေသဘောကျနေကြတဲ့ ထိပ်ထားရဲ့ဗီဒီယို

//s9.kh1.co/6a/6a1e2b576fed8c63eeb5d5d7e092ea4ebfd6e6f7.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဝိတ်လျှော့မယ်ကြံတိုင်း ပိုဝလာရတဲ့အကြောင်းရင်းအမှန်ကို ချက်ကျလက်ကျပြောပြလိုက်လို့ ပရိသတ်တွေသဘောကျနေကြတဲ့ ထိပ်ထားရဲ့ဗီဒီယို

ထိပ်ထားသခင်ကတော့ အခုလက်ရှိ အနုပညာလောကမှာ အောင်မြင်မှုတွေဆက်တိုက်ရရှိနေတဲ့ ကလေးသရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် ။ လူကြီးတစ်ယောက်လို စကားတတ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ထိပ်ထားသခင်ကို ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ ချစ်ခင်ကြတာ ဖြစ်ပါတယ် ။ အခုဆိုရင် ထိပ်ထားလေးက သရုပ်ဆောင်အဖြစ် လုပ်ကိုင်ပြီး ဇာတ်ကားတွေမှာပါဝင်နေရသလို ကြော်ငြာတွေလည်း မနားတမ်းရိုက်ကူးနေတာ ဖြစ်ပါတယ် ။

Photo Credit-"ထိပ်ထားသခင်" FB Page
Photo Credit-"ထိပ်ထားသခင်" FB Page
Photo Credit-"ထိပ်ထားသခင်" FB Page
Photo Credit-"ထိပ်ထားသခင်" FB Page

အသက်ငယ်ငယ်လေးနဲ့ မိဘနှစ်ပါးကိုပြန်ကူညီနိုင်ပြီဖြစ်တဲ့ ထိပ်ထားလေးက ဘုရားတရားကိုင်းရှိုင်းပြီး လိမ္မာတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်နော်။ ထိပ်ထားက ပါးဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့ အသည်းယားစရာကောင်းလွန်းတာကြောင့် အားလုံးက တစ်နေ့တခြားပိုချစ်နေရတာ ဖြစ်ပါတယ် ။အခုလည်း ထိပ်ထားလေးက ဝိတ်လျှော့မယ်ဆိုပြီး ကြံလိုက်တိုင်း ပိုစားဖြစ်လို့ တဖြည်းဖြည်းနဲ့ ဝဝကစ်ကစ်လေးဖြစ်လာကြောင်း သူ့ဖေဖေကို ပြောပြနေတာ ဖြစ်ပါတယ် ။

Photo Credit-"ထိပ်ထားသခင်" FB Page
Photo Credit-"ထိပ်ထားသခင်" FB Page
Photo Credit-"ထိပ်ထားသခင်" FB Page
Photo Credit-"ထိပ်ထားသခင်" FB Page

ထိပ်ထားလေးက ဝိတ်လျှော့မယ်ဆိုတဲ့စကားရဲ့နောက်ကွယ်က အဖြစ်မှန်တွေကို ချက်ကျလက်ကျလေး ပြောပြလိုက်တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးကိုတော့ ထိပ်ထားလေးက "ဝိတ်လျှော့မယ်ကြံလိုက် စားမိလိုက်နဲ့ အခုတော့ ဘဲဥလိုဖြစ်နေပါပြီ" ဆိုပြီး တင်ပေးထားတာဖြစ်ပါတယ်။ ကဲ ပရိသတ်တွေကြားမှာ အရမ်းသဘောကျပြီး ကြည့်ရှုသူများပြားနေတဲ့ ထိပ်ထားသခင်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"ထိပ်ထားသခင်" FB Page

Photo Credit-"ထိပ်ထားသခင်" FB Page
Photo Credit-"ထိပ်ထားသခင်" FB Page
Photo Credit-"ထိပ်ထားသခင်" FB Page
Photo Credit-"ထိပ်ထားသခင်" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T