ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်တာကြောင့် လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေ အမြဲရွေးချယ် ဝတ်ဆင်လေ့ရှိပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့ ကြော်ငြာမင်းသမီးချောလေး စံထိပ်ထားဦးပဲ ဖြစ်ပါတယ်။ သူမဟာ မိခင်ဖြစ်သူ ခိုင်သင်းကြည်ရဲ့ ဆုံးမမှုတွေကြောင့် အနုပညာလောကမှာ အချိန်တိုအတွင်း နာမည်ရအောင်မြင်လာတာလည်း ဖြစ်ပါတယ်။ သားအမိနှစ်ယောက်တွဲရိုက်တဲ့ ကြော်ငြာလေးတွေဆို ပရိသတ်တွေက ပိုပြီးတောင် ချစ်ခင်အားပေးကြတာလည်း ဖြစ်ပါတယ်။
ထိပ်ထိပ်လေးဟာ လတ်တလော ကျောင်းတွေမတက်ရသေးတာကြောင့် အိမ်မှာနေရင်း အပန်းဖြေအနားယူလေ့ရှိပြီး တစ်ခါတစ်လေမှာလည်း အချစ်ဆုံးသူငယ်ချင်းနဲ့ အပြင်ထွက်လည်လေ့ရှိတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုရဲ့ ညီမလေး ပိုးပိုးပဲ ဖြစ်ပြီး အားလပ်ချိန်တိုင်းနှစ်ယောက်အတူ တွေ့ဆုံလေ့ရှိတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်တွဲရိုက်တဲ့ Tik Tok လေးတွေကိုလည်း ပရိသတ်တွေအတွက် အမြဲတင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း စံထိပ်ထားဦးရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဘယ်သွားသွားအချစ်ဆုံးသူငယ်ချင်းထိပ်ထိပ်လေးရဲ့လက်ကိုမြဲမြဲဆုပ်ကိုင်ကာလမ်းလျှောက်လေ့ရှိတဲ့ အိချောပိုညီမလေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်မုန့်ခွံ့ကျွေးနေတာလည်း မြင်ရသူတိုင်းကို ချစ်မဝဖြစ်သွားစေမှာ အသေချာပါပဲ။ ပရိသတ်တွေအားလုံးလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- San Htate Htar Oo’s Facebook and Tik Tok Account