သူအရမ်းဖြစ်ချင်နေတဲ့ အနာဂတ်အိမ်မက်လေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလာခဲ့တဲ့ အဆိုတော် ပိုပို

//s9.kh1.co/13/13fa89669f605e64732992842590cadfbbe84cc7.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပိုပိုကတော့ အဆွေးသီချင်းလေးတွေ အချစ်သီချင်းလေးတွေကို သီဆိုတတ်သူဖြစ်ပြီး သူမရဲ့သီချင်းလေးတွေဟာ နားထောင်လို့ ကောင်းနေဆဲပါ။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေရှိပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ပိုပိုကတော့ ယခုမှာ သီချင်းသစ်တွေလဲ ထွက်ရှိဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ချစ်စဖွယ်အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါနော်....။

Photo credit - ဝတ်ရည်မိုး's FB account 
Photo credit - ဝတ်ရည်မိုး's FB account 
Photo credit - ဝတ်ရည်မိုး's FB account 
Photo credit - ဝတ်ရည်မိုး's FB account 

ဒါ့အပြင် သူမရဲ့ ရိုးသားပွင့်လင်းတဲ့စိတ်လေးကို ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ ချစ်နေရတာပါ။ လတ်တလောမှာတော့ ပိုပိုတစ်ယောက် ရှုတင်တွေ ဆက်တိုက်ဆိုသလို ရှိနေခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေနဲ့ မအားလပ်တာပဲ ဖြစ်ပါတယ်။ အခုလို မအားလပ်တဲ့ ကြားကနေ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လှုပ်ရှားမှုလေးတွေနဲ့ ခံစားချက်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်နော်။

Photo credit - ဝတ်ရည်မိုး's FB account 
Photo credit - ဝတ်ရည်မိုး's FB account 
Photo credit - ဝတ်ရည်မိုး's FB account 
Photo credit - ဝတ်ရည်မိုး's FB account 

ယနေ့မှာလည်း အဆိုတော်မလေး ပိုပိုက " အနာဂတ် အိမ်မက်က ကိုယ်ကြိုက်တဲ့ အဆိုတော်တွေရဲ့ show သွားကြည့်မယ် ကမ္ဘာကြီး တစ်ပတ် ခရီး ထွက်မယ် Maluma ကို အပြင်မှာတွေ့ချင်လိုက်တာ သူ့ show တစ်နေ့တော့သွားကြည့်ဦးမယ် (ပိုက်ဆံရှာမယ်) " ဆိုပြီး သူဖြစ်ချင်တဲ့ ဆန္ဒလေးကို ပြောပြလာခဲ့တာပါ။ ချစ်ပရိသတ်တွေ သိရှိစေဖို့အတွက် ပိုပိုရဲ့ ပုံလေးတွေနဲ့ စာသားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။

Photo credit - ဝတ်ရည်မိုး's FB account 
Photo credit - ဝတ်ရည်မိုး's FB account 
Photo credit - ဝတ်ရည်မိုး's FB account 
Photo credit - ဝတ်ရည်မိုး's FB account 

သတင်း အရင်းအမြစ်Source - ဝတ်ရည်မိုး's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T