ဟာသ သရုပ်ဆောင်တွေနဲ့ အတူ ဘေးတွဲဆိုင်ကယ်ကြီးကို စီးပြီးရိုက်ထားတဲ့ ဇာတ်လမ်းတို တစ်ခုရဲ့ ရိုက်ကွင်း နောက်ကွယ်က ပုံလေးတွေကို ချပြလာတဲ့ သူရိယ

//s9.kh1.co/4d/4d1533af9ae0d2a8196b90f790396e44001e09ff.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ ပီပြင်ပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်တွေနဲ့ ပရိသတ်တွေ ရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့ သရုပ်ဆောင် မင်းသားချောလေး သူရိယ ပဲဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုရရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ ဗီဒီယို ခေတ်ကတည်း က အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ယခုအချိန်မှာတော့ ဇာတ်လမ်းတွဲများစွာကို လက်ခံ ရိုက်ကူးနေပြီး ပရိသတ်တွေ အားပေးထောက်ခံမှု ကို တခဲနပ် ရရှိကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ 

Photo Crd - Thu Riya Facebook account
Photo Crd - Thu Riya Facebook account
Photo Crd - Thu Riya Facebook account
Photo Crd - Thu Riya Facebook account

သဘော မနောကောင်းပြီး စိတ်ထားဖြူစင်ကာ ရုပ်ရည်ကလည်း ချောမောနေတာ ကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ဝန်းရံ တာကို ခံနေရတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာတွေ ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကို အဆက်မပျက်လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။ မကြာမကြာ မှာလည်း တနေ့တာ အပြင်ထွက်ဖြစ်တဲ့ ပုံလေးတွေကို တင်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ နောက်ပြီး ရိုက်ကွင်းနောက်ကွယ်က ပုံလေးတွေကို ချပြလေ့ရှိပါသေးတယ်။ 

Photo Crd - Thu Riya Facebook account
Photo Crd - Thu Riya Facebook account
Photo Crd - Thu Riya Facebook account
Photo Crd - Thu Riya Facebook account

ယခုအခါမှာလည်း ရိုက်ကွင်းနောက်ကွယ်က ပုံလေးတွေကို ချပြလာတာ ပဲဖြစ်ပါတယ်။ ဟာသ သရုပ်ဆောင်တွေ နဲ့ အတူ ဘေးတွဲ ဆိုင်ကယ်ကြီး ကို စီးပြီး ရိုက်ထားတဲ့ ပုံလေးတွေကို သူရိယ ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ဟာသ ဆန်ဆန်ရိုက်ထားတာကြောင့် ပရိသတ်ကြီးတို့ကလည်း သူရိယရဲ့ ပုံလေးတွေကို ကြည့်ပြီး အူတက်နေမှာ အသေချာပဲဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီး တို့ကလည်း သူရိယ ဆက်လျှောက်မယ့် အနုပညာလမ်းကို ဆက်လက်အားပေးဝန်းရံလိုက်ကြပါဦးနော်…..။

Photo Crd - Thu Riya Facebook account
Photo Crd - Thu Riya Facebook account
Photo Crd - Thu Riya Facebook account
Photo Crd - Thu Riya Facebook account

သတင်း အရင်းအမြစ်Thu Riya Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T