ကောင်လေးကိုလှမ်းခေါ်နေတုန်း ငြိမ်းမြတ်သူက သူ့ဆီရောက်လာပြီး နမ်းမယ်လုပ်နေလို့ ဖတ်ခနဲရိုက်ကာ တွန်းထုတ်လိုက်ရတဲ့ Sinon ရဲ့အခွီဗီဒီယို

//s9.kh1.co/c1/c116dbe9212c7d72d7310f229fcd69478f2dca34.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကောင်လေးကိုလှမ်းခေါ်နေတုန်း ငြိမ်းမြတ်သူက သူ့ဆီရောက်လာပြီး နမ်းမယ်လုပ်နေလို့ ဖတ်ခနဲရိုက်ကာ တွန်းထုတ်လိုက်ရတဲ့ Sinon ရဲ့အခွီဗီဒီယို

ဖိလစ်ပိုင် Cat Walk King ဖြစ်သလို မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လည်း ရပ်တည်နေတဲ့ Sinon ကတော့ ကမ္ဘာတစ်လွှားက ပရိသတ်ရဲ့အားပေးမှုကိုပါ ရရှိထားတာလည်း ဖြစ်ပါတယ် ။ Sinon က မြန်မာနိုင်ငံကို လွန်ခဲ့တဲ့နှစ်က ရောက်ရှိလာခဲ့ပြီးကတည်းက အခုချိန်အထိ မပြန်ရသေးဘဲ အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာ ဖြစ်ပါတယ် ။ Sinon က မြန်မာနိုင်ငံမှာ ကြော်ငြာတွေရိုက်ကူးနေသလို ရုပ်ရှင်ဇာတ်ကားကြီးမှာတောင် ပါဝင်သရုပ်ဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page

မြန်မာပရိသတ်တွေနဲ့ အတော်လေးကို ရင်းနှီးနေပြီဖြစ်တဲ့ Sinon က ဟာသဥာဏ်ရွှင်ပြီး အခွီတွေလုပ်တတ်တာကြောင့် အားလုံးက သူ့ကိုသဘောကျချစ်ခင်နေရတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် Sinon က မြန်မာပြည်မှာရှိတဲ့ နာမည်ကြီးအနုပညာရှင်တွေနဲ့လည်း အတူတွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ် ။ အခုလည်း Sinon က Tik Tok Cele ငြိမ်းမြတ်သူနဲ့အတူတွဲပြီး ဟာသဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page

ဒီဗီဒီယိုလေးမှာတော့ Sinon က သူ့အနောက်မှာရှိတဲ့ကောင်လေးကို လှမ်းခေါ်နေတုန်းမှာ ငြိမ်းမြတ်သူက အနားရောက်လာပြီး နမ်းဖို့ဟန်ပြင်လိုက်တာ ဖြစ်ပါတယ် ။ ဒါကြောင့် Sinon က ငြိမ်းမြတ်သူကို ဖတ်ခနဲရိုက်ချလိုက်ပြီး မြန်မြန်ဆန်ဆန်လေး တွန်းထုတ်လိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ ကောင်ချောလေးဆီက အနမ်းတစ်ပွင့်လက်ဆောင်ရလိုက်လို့ ပျော်နေတဲ့ Sinon ရဲ့Tik Tok ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sinon Loresca's Tik Tok Acc

Photo Credit-Sinon Loresca's Tik Tok Acc
Photo Credit-Sinon Loresca's Tik Tok Acc
Photo Credit-Sinon Loresca's Tik Tok Acc
Photo Credit-Sinon Loresca's Tik Tok Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T