ပရိသတ်တွေကို တမူထူးခြားတဲ့ Vlogလေးတွေနဲ့ တင်ဆက်ဖို့အတွက် ခရီးတွေသွားနေပြီဖြစ်တဲ့ မောင်နဲ့ ရီရီပွင့်ဖြူ

//s9.kh1.co/56/565733d48de4e55362acc49cabc39e50c435c581.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသားချောလေး မောင်နဲ့ မင်းသမီးချောလေး ရီရီပွင့်ဖြူတို့ စုံတွဲလေးက အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် ပရိသတ်အားပေးချစ်ခင်မှုကို ယနေ့တိုင် ရရှိနေဆဲပါ။

လိုက်ဖက်ညီတဲ့ သူတို့ စုံတွဲလေးက ပရိသတ်တွေကို အကြိုက်တွေ့စေတာဖြစ်ပြီး နားလည်မှုရှိကာ သစ္စာရှိရှိနဲ့ လက်တွဲခိုင်မြဲနေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page

နှစ်ယောက်အတူ ခရီးတွေသွားရင်း ပျော်ရွှင်စရာ ချစ်သူဘဝကို ကုန်ဆုံးနေကြတာဆိုရင် နှစ်အတော်ကြာပြီလည်း ဖြစ်ပါတယ်။ ကြည်နူးစရာနဲ့ ဗဟုသုတ ရစရာ Vlogလေးတွေ ရိုက်ကူးတင်ပေးလေ့ရှိတဲ့ သူတို့ စုံတွဲလေးကို ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေထံ အမြဲဝေမျှလေ့ရှိတဲ့ မောင်နဲ့ ရီရီတို့ နှစ်ယောက်က ယနေ့မှာလည်း လေဆိပ်ကို ရောက်ရှိနေခဲ့ပါတယ်။ 

Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page

အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်တဲ့ မောင်နဲ့ ရီရီပွင့်ဖြူက လေဆိပ်မှာ ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာရင်း " Bye Bye Secret Vacation လွမ်း​နေကြ​နော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာခဲ့ပါတယ်။ ဘယ်လို ပျော်စရာကောင်းတဲ့ ခရီးမျိုးကို နှစ်ယောက်အတူ သွားရောက်လည်ပတ်ပြီး Vlogလေးတွေရိုက်ကူးတင်ဆက်မလဲဆိုတာ ပရိသတ်တွေ စောင့်ကြည့်အားပေးနိုင်ဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...။

Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page
Photo credit - Sein Phyo & Yi's FB page

သတင်း အရင်းအမြစ်Source - Sein Phyo & Yi's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T