အနုပညာသက်တမ်းတစ်လျှောက် ကြော်ငြာမင်းသမီးဘဝကနေ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာရရှိထားတဲ့ အိန္ဒြာကျော်ဇင်ကတော့ တက်သစ်စမင်းသမီးလေးတွေထက်ကို လှပနုပျိုနေဆဲပါပဲ ။

အိမ်ထောင်ကျပြီး သားသားမီးမီးနှစ်ယောက် ရထားပေမယ့်လည်း အပျိုလေးတစ်ယောက်လို လှပနေတဲ့ အူဝဲ တစ်ယောက် မိသားစုနဲ့အတူ မော်ဒိုက်မှာ မိသားစုနဲ့အပန်းဖြေခရီးထွက်တဲ့ပုံရိပ်တွေကလည်း ကြည်နူးစရာကောင်းလှပါတယ်။

လက်တလောမှာတော့Idea Magazine အတွက် ရိုက်ကူးပေးထားတဲ့ မြန်မာကနုတ်အပြည့်ထိုးပြီး ရွှေရောင်စီးကွင့်တွေနဲ့ ထူးထူးခြားခြားချုပ်လုပ်ထားတဲ့ဂါဝန်လေး ဝတ်ဆင်ထားတာ အရမး်ကိုချစ်စရာကောင်းနေပြီး မြင်သူတိုင်းကို အံ့အားသင့်စေပါတယ်။အခုလို အမိုက်စားဝတ်စုံကိုဖန်တီးပေးသူကတော့ Sweet and Smart Fashion Collection ကဖြစ်တယ်လို့ သိရပါတယ်။

သူမရဲ့ရှည်လျားကျေ့ာရှင်းတဲ့ ခန္ဓာကိုယ်အရပ်အမောင်း ကြောင့် ဒီလိုဂါဝန်ကြီးတွေဝတ်လိုက်တော့လည်း အရမ်းကို ကျက်သရေရှိနေပြန်ပါတယ်။

လူတောင်မှားသွားလောက်တဲ့ အူဝဲ ရဲ့ အမိုက်စားဖက်ရှင်ပြင်ဆင်မှုပုံရိပ်တွေကို ပရိသတ်တွေသဘောကျရဲ့လား။  

သတင်းအရင်းမြစ် Eaindra kyawzin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။