ဖေဖေကဘုရားရှိခိုးလို့ပြောနေတာကို နားမထောင်ဘဲ လျှာထုတ်ပြီးမျက်နှာပြောင်ပြနေတဲ့ Treasureလေးရဲ့ချစ်စရာဗီဒီယိုဖိုင်

//s9.kh1.co/8a/8a24e5059609b7e4639e551e785f12ec5fa2c378.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဖေဖေကဘုရားရှိခိုးလို့ပြောနေတာကို နားမထောင်ဘဲ လျှာထုတ်ပြီးမျက်နှာပြောင်ပြနေတဲ့ Treasureလေးရဲ့ချစ်စရာဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးလေးတစ်ယောက်ကိုမွေးဖွားထားပြီး အကောင်းဆုံးပြုစုစောင့်ရှောက်ပေးနေတဲ့ မိခင်ဖြစ်ပါတယ်။စန္ဒီမြင့်လွင်က လတ်တလောမှာဆိုရင် သမီးချောလေးနဲ့အတူ ကြော်ငြာတွေရိုက်ကူးထားပြီး အနုပညာအလုပ်တွေကိုအနည်းအကျဉ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။Treasureလေးကတော့ မေမေ့ရဲ့အနုပညာသွေးတွေ အပြည့်စီးဆင်းနေတာကြောင့် (၁)နှစ်ကျော်အရွယ်လေးနဲ့တင် ကင်မရာကိုမကြောက်ဘဲ အိုက်တင်တွေထုတ်တတ်နေပြီဖြစ်ပါတယ်နော်။

Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account

စန္ဒီမြင့်လွင်ရဲ့မိသားစုဘဝလေးကလည်း သာယာအေးချမ်းပြီး ပျော်ရွှင်စရာတွေနဲ့သာပြည့်နှက်နေလို့ အားကျစရာကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။ကိုသီဟလွင်ကတော့ တစ်ဦးတည်းသောသမီးလေးကို အရိပ်တကြည့်ကြည့်နဲ့အရမ်းချစ်ပြီး အားတဲ့အချိန်တိုင်းမှာ အတူဆော့ကစားပေးတာဖြစ်ပါတယ်။ပရိသတ်တွေက Treasureလေးကို ချစ်လွန်းလို့ သူ့ရဲ့ဗီဒီယိုဖိုင်လေးတွေနဲ့ပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်နော်။ 

Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account

Treasureလေးကတော့ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာပြီး ပိုပိုချစ်စရာကောင်းလာပါတယ်နော်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း သမီးလေးကို သေချာသင်ကြားပြသပေးပြီး အရမ်းဂရုစိုက်တာဖြစ်ပါတယ်။အခုဆိုရင်တော့ Treasureလေးက ဘုရားရှိခိုးလို့ပြောနေတဲ့ ဖေဖေ့ရဲ့စကားကိုနားမထောင်ဘဲ လျှာထုတ်ပြီးမျက်နှာပြောင်ပြနေတာဖြစ်ပါတယ်။ဖေဖေ့ကို ပြန်စနောက်ပြီး မျက်နှာအမူအရာမျိုးစုံလုပ်နေတဲ့ Treasureလေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account

Photo Credit:Thiha Lwin's Instagram account
Source& Video Credit:Sandy Myint Lwin's Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T