ခေတ်ရေစီးကြောင်းက အမြဲတစေ စီးဆင်းနေတာနဲအမျှ ဖက်ရှင်ဒီဇိုင်းအသစ်တွေ စတိုင်အသစ်တွေကလည်း အမျိုးမျိုးထွက်ပေါ်လို့နေပါတယ်။ ယခု 2021 ခုနှစ်အတွင်းမှာဆိုရင်လည်း အနောက်နိုင်ငံက လူတွေကြားမှာ trend ဖြစ်နေတဲ့ နှုတ်ခမ်းမွှေးထားနည်းလေးတစ်ခုရှိပါတယ်။



ဒါကတော့ မြောက်အမှီးပုံစံ မုတ်ဆိတ် (Monkey Tail Bread) ထားကြတဲ့ trend လေးပဲဖြစ်ပါတယ်။
ဒီမုတ်ဆိတ်ပုံစံဟာ မုတ်ဆိတ်မွှေးနဲ့ ပုသိုင်းမွှေးတစ်ဆက်ထဲ ရှိတဲ့သူတွေမှ ထားရတာအဆင်ပြေမှာဖြစ်ပြီး တစ်ခြမ်းကိုရိတ်ကာ မြောက်အမှီးပုံစံ ပုံဖော်ထားကြတာပဲဖြစ်ပါတယ်။အချို့သောသူတွေကတော့ သူတို့ရဲ့မုတ်ဆိတ်ကို မြောက်အမှီးနဲ့ ပိုတူစေဖို့အတွက် ကာလာတွေပါ ဆိုးထားကြပါတယ်။



သူတို့တွေရဲ့ပုံစံတွေဟာ မြင်တွေ့ရတာနဲ့ မရယ်ပဲမရေနိုင်လောက်အောင် ဆွဲဆောင်နေပေမယ့် အနောက်နိုင်ငံကလူတွေကတော့ သူ့ထက်ငါ အပြိုင်အဆိုင်ထားနေကြတာပဲ ဖြစ်ပါတယ်။
ကဲပရိသတ်ကြီးရော ဒီမုတ်ဆိတ်မွှေးဒီဇိုင်းလေးကို သဘောကြပြီး လိုက်ထားချင်သွားကြပီလား………………………..








သတင်းအရင်းမြစ်: Elite Readers
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။