ဂီတ သတ်တမ်း (၁၆) နှစ်ကျော်ခဲ့ပြီ ဖြစ်ပင်မယ့်လည်း မမှန်မကန်သုံးပြီး အပေါ်ရောက်အောင် မတက်ခဲ့ဘူးလို့ ဒဲ့ပြောလိုက်တဲ့ အိမ့်ချစ်

//s9.kh1.co/d6/d62c2ad7a8256ce67ed710fb4694e5931d283095.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တေးသံရှင် အိမ့်ချစ်ကတော့ သူမကြိုးစားမှုကြောင့် အောင်မြင်မှုတွေ ရခဲ့တာနဲ့ ပတ်သတ်ပြီး ပြောပြလာတာ ပဲဖြစ်ပါတယ်။ “ရေစီးကြောင်းသံယောဇဉ်” ဆိုတဲ့ သီချင်လေးကို ဖခင်ဖြစ်သူ ဝါရင့်တေးသံရှင်တစ်ဦး ဖြစ်တဲ့ ချစ်ကောင်းနဲ့ အတူတွဲဆိုရာ မှပရိသတ်တွေ အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖခင်ရဲ့ လမ်းညွှန်မှုတွေ နဲ့ အတူ သူမရဲ့ကြိုးစားမှုတွေကြောင့် ဆယ်စုနှစ်မကအောင်မြင်ခဲ့ကာ ယနေ့ချိန်ထိတိုင်အောင် အောင်မြင်ကျော်ကြားလူကြိုက်များနေရတဲ့ တေးသံရှင်လေး တစ်ဦးပဲဖြစ်ပါတယ်။

Photo Crd - TwoNine Photography
Photo Crd - TwoNine Photography
Photo Crd - TwoNine Photography
Photo Crd - TwoNine Photography

ယခုချိန်မှာတော့ အိမ့်ချစ်ဟာ နိုင်ငံကိုယ်စားပြုအနေနဲ့ ပြည်ပပွဲတွေမှာတောင် သွားရောက်ဖျော်ဖြေခွင့်ရရှိနေပြီး ပြည်ပသို့ ထိုးဖောက်အောင်မြင်နေတာ ပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အိမ့်ချစ်ဟာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အသိအမှတ်ပြု မခံရတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ပြောပြလာတာ ပဲဖြစ်ပါတယ်။ “တစ်ခါတစ်လေလဲ လူ့ဘဝမှာဘယ်လောက်ပဲကြိုစား အသိမှတ်ပြုမခံရတာတွေကြုံဖူးကြမှာပါဟုတ်တယ်မလား...???ဒါပေမယ့်အဓိကကတော့ ကိုယ့်ကြိုးစားမှုတိုင်းဟာကိုယ့်ဟာကိုသိနေဖို့နဲ့လိပ်ပြာလုံနေဖို့ သန့်ရှင်းနေဖို့ပဲလိုပါတယ် ဒါဟာအရေးအကြီးဆုံးပါ...” ဆိုပြီး ကိုယ့်ကြိုးစားမှုကို ကိုယ့်လိပ်ပြာ လုံနေဖို့လိုတာ နဲ့ ပတ်သတ်ပြီး ပြောထားတာပဲဖြစ်ပါတယ်။

Photo Crd - TwoNine Photography
Photo Crd - TwoNine Photography
Photo Crd - TwoNine Photography
Photo Crd - TwoNine Photography

ဆက်လက်ပြီး “အဲ့ဒီစိတ်ပဲထည့်ထားပြီးဂီတနဲ့ပတ်သတ်ရင်အရိုးရှင်းဆုံးနဲ့အမှန်ကန်ဆုံးပဲပေးခဲ့တာမို့ ပြန်ရခဲ့တာတွေကတော့ပရိတ်သတ်ရဲ့မေတ္တာတွေပါပဲ ဂီတနဲ့ပတ်သတ်ပြီး မမှန်ကန်တဲ့နည်းတွေသုံးပြီး အပေါ်ရောက်အောင်မတက်ခဲ့ဖူး လှေကားတစ်ထစ်ချင်းစီပဲဖြေးဖြေးနဲ့မှန်မှန်တက်လာခဲ့တာ ခုဆို ဂီတသက်တန်း၁၆နှစ်ကျော်ခဲ့ပြီလျှောက်ခဲ့တဲ့သက်တန်းမှာဂီတထူးချွန်ဆုတွေအများကြီးမရခဲ့ဖူးပါဘူး..ဒါပေမယ့်ပရိတ်သတ်ရဲ့မေတ္တာတွေတော့ရခဲ့တယ်....ပရိတ်သတ်မေတ္တာနဲ့ပဲဆက်လက်ရှင်သန်သွားမယ်အဲ့ဒီမေတ္တာတွေနဲ့ပဲအမြဲရှင်သန်နေခွင့်ပေးပါနော်ချစ်ရတဲ့ပရိတ်သတ်ကြီးရှင့်.....” ဆိုကာ မမှန်ကန်တဲ့ နည်းတွေနဲ့ တက်ခဲ့တာ မဟုတ်လို့ ပရိသတ်တွေ မေတ္တာကို အပြည့်အ၀ ရရှိထားတာနဲ့ ပတ်သတ်ပြီး ပြောပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်….။

Photo Crd - TwoNine Photography
Photo Crd - TwoNine Photography
Photo Crd - TwoNine Photography
Photo Crd - TwoNine Photography

သတင်း အရင်းအမြစ်Eint Chit Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T