ဒီအမျိုးသားကတော့ အမေရိကန်နိုင်ငံမှာ Florida ပြည်နယ်မှာနေထိုင်တဲ့ အသက် 31 နှစ်အရွယ် Matt Manzari ပဲဖြစ်ပါတယ်။

၎င်းအမျိုးသားဟာ 2014 ခုနှစ်လောက်က ဘုရားကျောင်းတစ်ခုမှာသတ္တုတွေနဲ့ပြုလုပ်ထားတဲ့ ထရပ်ကားတစ်စီးရဲ့ အမိုးပေါ်တက်ပြီး သစ်ပင်အချို့ရဲ့ ထိပ်ပိုင်းကို ဖြတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။အဲ့အချိန်မှာပဲ အနီးနားမှာရှိတဲ့ ဓာတ်အားလိုင်းကနေ သူရဲ့ခန္ဓာကိုယ်ထဲကို ဗို့အား 14000 လောက်ရှိတဲ့ လျှုပ်စစ်ဓတ်အားဖြတ်စီးတာကိုခံခဲ့ရပါတယ်။

photo credit - MDWFeatures
photo credit - MDWFeatures

ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ကြွက်သားတွေ အရွတ်တွေဟာ လောင်ကျွမ်းသွားခဲ့ပြီး အသားတွေလည်း အရေပျော်သလိုဖြစ်သွားခဲ့ပါတယ်။ဒါ့အပြင် ၎င်းအမျိုးသားရဲ့ ခန္ဓာကိုယ် 25 ရာခိုင်နှုန်းလောက်ဟာ လောင်ကျွမ်းလောင်သွားခဲ့ပြီး ရင်ဘတ်မှာဆို နံရိုးတွေတောင် ပေါ်လုနီးနီးဖြစ်ခဲ့ပါတယ်။သူ့ရဲ့လက်မောင်းက အသားတွေဟာဆိုရင်လည်း ပျော်ကျသွားခဲ့ပြီး ကြွက်သားတွေပါ သေသလိုဖြစ်ခဲ့ရပါတယ်။

photo credit - MDWFeatures
photo credit - MDWFeatures

Matt Manzari ဟာ ဒီဖြစ်ရပ်ကြောင့် ရှင်လျက်နဲ့ ဘဝသေသလို ဖြစ်ခဲ့ရပေမယ့်လည်း သူ့ဘဝကို အရှုံးမပေးခဲ့ပါဘူး။ Matt ဟာဆေးကုသမှုတွေကို ဂရုတစိုက်ခံယူခဲ့ပြီး လေ့ကျင့်ခန်းတွေကိုလည်း ကြိုးစားပြုလုပ်ခဲ့တဲ့နောက်မှာ အခုဆိုရင် လူကောင်းတစ်ယောက်နီးပါးလောက်ကို ပြန်လည်ကျန်းမာနေပြီပဲဖြစ်ပါတယ်။

ဘယ်လောက်ဆိုးရွားတဲ့ ဒုက္ခတွေ အန္တရာယ်တွေပဲ ကြုံတွေ့ခဲ့ကြုံတွေ့ခဲ့ Matt လို စိတ်ဓာတ်မကျပဲ အားတင်းပြီးသားဖြတ်ကျော်မယ်ဆိုရင် တချိန်မှာအောင်နိုင်မယ်ဆိုတာကို သိစေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ ပရိသတ်တွေအတွက် ဒီသတင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

photo credit - MDWFeatures
photo credit - MDWFeatures
photo credit - MDWFeatures
photo credit - MDWFeatures

သတင်းအရင်းမြစ်: Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။