အခုလို ကတုံးပုံစံလေးနဲ့ လိုက်ဖက်တဲ့ သီချင်းလေးကို ပရိသတ်တွေသဘောကျလောက်အောင် ဆိုပြလာတဲ့ ပိုင်တံခွန်

//s9.kh1.co/b0/b00bddcb9ca9fda2bd0d10231df98937c86b36e9.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်လ် မင်းသားချောလေး ပိုင်တံခွန်ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အေင်မြင်နေတဲ့ သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ သူရဲ့ ခန့်ညားတဲ့ ရုပ်ရည်နဲ့ ရှည်လျားတဲ့ အရပ်အမောင်း ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာ ကြွက်သာစတွေကြောင့် မိန်းကလေးပရိသတ်တွေက သည်းသည်းလှုပ် အားပေးကြတာလည်း ဖြစ်ပါတယ်။

Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page

ပိုင်တံခွန်ရဲ့ အောင်မြင်မှုတွေက မြန်မာနိုင်ငံမှာသာမကပဲ ထိုင်း ၊ တရုတ်စတဲ့ နိုင်ငံကြီးတွေအထိပါ ပေါက်ရောက်အောင်မြင်နေတာကိုလည်း တွေ့ရပါတယ်။ အရင်က ဆံပင်ရှည်လေးနဲ့ နိုင်ငံခြားသားတစ်ယောက်လို ခန့်ညားချောမောတဲ့ ပိုင်တံခွန်က မကြာသေးတဲ့ ရက်ပိုင်းက ရဟန်းဝတ်လိုက်တာလည်း ဖြစ်ပါတယ်။ ပိုင်းတံခွန်က ဆံပင်ဖြတ်ရလို့ နှမျောပေမယ့်လည်း အောင်မြင်မှုတွေကတော့ အရင်ထက် နှစ်ဆဖြစ်လာတာကလည်း တကယ့်အံ့မခမ်းပါ။

Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page

ကတုံးလေးနဲ့ ကြည့်ကောင်းနေဆဲဖြစ်တဲ့ ပိုင်တံခွန်က လူမှုကွန်ယက်ထက်မှာ အလှပုံလေးတွေတင်ပေးလာရင်း ပရိသတ်တွေ အကြိုက်တွေ့စေလောက်တဲ့ စာသားလေးကို ရေးသားလာခဲ့ပါတယ်။ ဒါကတော့ " ငယ်ငယ်တုန်းက သီချင်းလေး သတိရမိတယ် ကတုံး ကတုံး တယ်လီဖုန်း " ဆိုပြီး ပုံလေးနဲ့ လိုက်ဖက်တဲ့ စာသားလေးကို ရေးသားလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်....။

Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page
Photo credit - Paing Takhon 's FB page

သတင်း အရင်းအမြစ် Source - Paing Takhon 's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T