မေခလာ့အမေရဲ့ကျေးဇူးကြောင့် အေးချမ်းဆိတ်ငြိမ်ပြီး ကျယ်ဝန်းတဲ့အိမ်နဲ့ခြံလေးမှာနေထိုင်နေရကြောင်း Live လွှင့်ပြခဲ့တဲ့ ရန်ကျော်ရဲ့ဗီဒီယို

//s9.kh1.co/be/be564a484457a442262d50896b4719b308722431.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မေခလာ့အမေရဲ့ကျေးဇူးကြောင့် အေးချမ်းဆိတ်ငြိမ်ပြီး ကျယ်ဝန်းတဲ့အိမ်နဲ့ခြံလေးမှာနေထိုင်နေရကြောင်း Live လွှင့်ပြခဲ့တဲ့ ရန်ကျော်ရဲ့ဗီဒီယို

ဝါရင့်သရုပ်ဆောင် မင်းသားချော ရန်ကျော်ကတော့ တစ်ခေတ်တစ်ခါကတည်းက ပျိုပျိုမေလေးတွေရဲ့အသည်းကျော်တစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။ ချောမောခန့်ညားတဲ့ဥပဓိရုပ်နဲ့ မိန်းကလေးပရိသတ်တွေကို ကြွေစေခဲ့တဲ့ ရန်ကျော်က အခုချိန်အထိတိုင်အောင် အရွယ်တင်နေဆဲ ဖြစ်ပါတယ် ။ ကလေးတစ်ယောက်ရဲ့ဖေဖေဖြစ်တဲ့ ရန်ကျော်က ချစ်ဇနီးမေခလာနဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ သမီးချောလေးကို ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc

တစ်ဦးတည်းသောသမီးလေးကို အရမ်းချစ်တဲ့ ရန်ကျော်က သမီးဖြစ်သူအတွက် အမြဲတမ်းစိတ်ပူပြီး အချစ်ပိုနေတဲ့ အဖေတစ်ယောက်ပဲ ဖြစ်ပါတယ် ။ အခုလည်း ရန်ကျော်က သူတို့မိသားစုသုံးယောက် အပြင်မထွက်ခင်အချိန်လေးမှာ Live လွှင့်ပြီး စကားတွေပြောခဲ့တာ ဖြစ်ပါတယ် ။ ရန်ကျော်က အသစ်ထွက်ရှိမယ့် ချစ်ဇနီးရဲ့သီချင်းအသစ်အကြောင်း ပရိသတ်တွေကို အသိပေးပြောကြားခဲ့သလို သူတို့မိသားစုနေထိုင်တဲ့အိမ်လေးကိုလည်း ပြသခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc

ရန်ကျော်က မေခလာ့အမေရဲ့ကျေးဇူးကြောင့် အေးချမ်းဆိတ်ငြိမ်ပြီး သာယာလှပတဲ့အိမ်လေးမှာ နေထိုင်နေရတာဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ ခြံအနှံ့ကိုလိုက်ပြရင်းနဲ့ ရန်ကျော်က သူ့ရဲ့သမီးချောလေးကိုပါခေါ်ပြီး နဖူးပြင်ထက်ကို အနမ်းဖွဖွလေး ပေးခဲ့သေးတာလည်း ဖြစ်ပါတယ် ။ ကဲ ယောက္ခမဖြစ်သူရဲ့အိမ်လေးမှာနေထိုင်နေကြောင်း Live လွှင့်ကာ ပြောကြားခဲ့တဲ့ ရန်ကျော်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Yan Kyaw's FB Acc

Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc
Photo Credit-Yan Kyaw's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T