MRTV-4 မင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့ အသိမှတ်ပြု လက်ခံအားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။ သူမဟာ ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းမှာ အပိုလိုမရှိကွက်တိကျအောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သေးသေးသွယ်သွယ်ကိုယ်လုံးလေးကြောင့်လည်း ယောကျာ်းလေးပရိသတ်အများစုရဲ့ ဝန်းရံအားပေးမှုတွေကိုလည်း ရရှိထားတာပဲ ဖြစ်ပါတယ်။
ခေးဆက်သွင်ဟာ လတ်တလောမှာလည်း နေပြည်တော်တွင် ဇာတ်ကားတစ်ကားရိုက်ကူးရန် ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုတော့ ထုတ်ဖော်ပြသခြင်းမရှိသေးဘဲ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်အောင်လို့တော့ Tik Tok လေးတွေ ရိုက်ကူးကာ တင်ပေးဖြစ်နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း ခေးဆက်သွင်ရဲ့Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ စိုးသူရဲ့အနားမှာဘဲကပ်နေမိလို့စိတ်ဆိုးနေတဲ့ ခန့်စည်သူအားပုံစံအမျိုးမျိုးလုပ်ပြကာချော့နေတဲ့ ခေးဆက်သွင်ရဲ့Tik Tok ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ကလည်း " အနုပညာမောင်နှမတွေပါ " ဆိုပြီးရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ခေးဆက်သွင်၊စိုးသူ၊ ခန့်စည်သူတို့ရဲ့ Tik Tok ဗီဒီယိုလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Khay Sett Thwin’s Facebook and Tik Tok Account