မျက်လုံးနှစ်ဖက်လုံးခွဲထားရတဲ့သူ့ကို ချစ်ဇနီးလေးက အသေးစိတ်ပြုစုစောင့်ရှောက်ပေးလို့ ပီတိဖြာကာကျေနပ်နေရတဲ့ ချစ်ကောင်း

//s9.kh1.co/cf/cf2608cde172df3695df618cea8352c377b01296.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မျက်လုံးနှစ်ဖက်လုံးခွဲထားရတဲ့သူ့ကို ချစ်ဇနီးလေးက အသေးစိတ်ပြုစုစောင့်ရှောက်ပေးလို့ ပီတိဖြာကာကျေနပ်နေရတဲ့ ချစ်ကောင်း

တစ်ခေတ်တစ်ခါကတည်းကနေ ယနေ့အချိန်ထိတိုင်အောင် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အဆိုတော်ချစ်ကောင်းကတော့ အနုပညာလောကမှာ ဝါရင့်တေးသံရှင်တစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ချစ်ကောင်းရဲ့သီချင်းဟောင်းလေးတွေကလည်း အခုခေတ်လူငယ်တွေကြိုက်နှစ်သက်ရလောက်တဲ့အထိ ရေပန်းစားအောင်မြင်နေဆဲဖြစ်ပါတယ်။ချစ်ကောင်းက အိမ့်ချစ်နဲ့ဂျူနီယာချစ်ကောင်းတို့မောင်နှမနှစ်ယောက်ကိုလည်း အနုပညာအမွေတွေလက်ဆင့်ကမ်းပေးတာဖြစ်ပါတယ်နော်။

Photo Credit:Ei Sabai's Facebook Account

ချစ်ကောင်းက အခုချိန်မှာဆိုရင်တော့ ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ သာယာအေးချမ်းနေပြီး ကလေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။ချစ်ကောင်းရဲ့မိသားစုဘဝလေးက နွေးနွေးထွေးထွေးနဲ့ သိုက်သိုက်ဝန်းဝန်ရှိတဲ့မိသားစုလေးဖြစ်ပါတယ်နော်။ချစ်ကောင်းကတော့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ရဲ့ တာဝန်၊ဝတ္တရားတွေကို မပျက်ကွက်ဘဲ ချစ်ဇနီးနဲ့ကလေးတွေကို လိုလေသေးမရှိအောင်ထားပေးကာ  ပျော်ရွှင်စရာအမှတ်တရတွေကိုသာ ဖန်တီးပေးနေတာဖြစ်ပါတယ်။

Photo Credit:Ei Sabai's Facebook Account
Photo Credit:Ei Sabai's Facebook Account
Photo Credit:Ei Sabai's Facebook Account
Photo Credit:Ei Sabai's Facebook Account

လတ်တလောမှာဆိုရင်တော့ ချစ်ကောင်းက မျက်လုံးနှစ်ဖက်စလုံးကို ခွဲစိတ်ထားတာကြောင့် အရမ်းဂရုစိုက်နေရတာဖြစ်ပါတယ်။ချစ်ကောင်းရဲ့ချစ်ဇနီးလေးက အိမ်ထဲမှာနေရင်းနဲ့လည်း နေကာမျက်မှန်ကိုတပ်ထားတဲ့ခင်ပွန်းကို စနောက်ထားတာဖြစ်ပါတယ်။ချစ်ကောင်းကလည်း မျက်လုံးနှစ်ဖက်လုံး ကြည်ကြည်လင်လင်မြင်ရလို့ အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။ချစ်ကောင်းကတော့ ဇနီးကောင်းလေးကို ပိုင်ဆိုင်ထားရလို့ ကျန်းကျန်းမာမာနဲ့ အမြဲပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Ei Sabai's Facebook Account
Photo Credit:Ei Sabai's Facebook Account
Photo Credit:Ei Sabai's Facebook Account
Photo Credit:Ei Sabai's Facebook Account
Photo Credit:Ei Sabai's Facebook Account
Photo Credit:Ei Sabai's Facebook Account

Source&Photo Credit:Chit Kaung&Ei Sabai's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T