သာသနာ့ဘောင်ဝင်နေတဲ့အပြင် မြတ်နိုးတန်ဖိုးထားတဲ့ဆံပင်ကို မွန်မွန်မြတ်မြတ်လှူဒါန်းခွင့်လို့ ပီတိဖြစ်ရတဲ့အကြောင်းပြောလာတဲ့ ရွှေပိုးအိမ်

//s9.kh1.co/6b/6b574ef796447f0a5581521fd7812f7da4babee2.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်တွေရဲ့အချစ်တွေကိုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ရွှေပိုးအိမ်ကတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် အနုပညာလောကမှာ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ကောင်းတဲ့ ရွှေပိုးလေးဟာ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသလို အရှိကိုအရှိတိုင်းနေတတ်ပြီး ဟန်ဆောင်မှုမရှိတဲ့အပြင် အေးချမ်းတဲ့ပုံရိပ်လေးတွေနဲ့ ချစ်စရာအပြုံးလှလှလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါ..။

Photo Credit - Shwe Poe Eain's Fb Acc
Photo Credit - Shwe Poe Eain's Fb Acc
Photo Credit - Shwe Poe Eain's Fb Acc
Photo Credit - Shwe Poe Eain's Fb Acc

ရွှေပိုးလေးကတော့ လတ်တလောမှာ ဆရာလေးတေဇာနန္ဒီ အဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက သာသနာ့ဘောင်ဝင်ရောက်ကာ အေးချမ်းစွာနဲ့ကောင်းမှုတွေပြု ကုသိုလ်ယူနေတာဖြစ်ပြီး ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ ဝေမျှလာပါတယ်နော်..။

အခုတစ်ခါမှာလည်း ဆရာလေးတေဇာနန္ဒီဟာ လူဝတ်နဲ့တုန်းက သူမမြတ်နိုးတန်ဖိုးထားခဲ့တဲ့ ဆံပင်ကို မွန်မွန်မြတ်မြတ်လေး လှူဒါန်းကုသိုလ်ယူခဲ့ရလို့ ကြည်နူးပီတိဖြစ်ရတဲ့အကြောင်းလေးကိုလည်း ဝေမျှပြောပြလာပါတယ်နော်..။

Photo Credit - Shwe Poe Eain's Fb Acc
Photo Credit - Shwe Poe Eain's Fb Acc
Photo Credit - Shwe Poe Eain's Fb Acc
Photo Credit - Shwe Poe Eain's Fb Acc

"တန်ဖိုးထားခဲ့တဲ့ ဆံပင်ကို လှူ ဒါန်းခွင့်ရလို့

ပီတိ ဖြစ်ရပါတယ်

ဆရာလေး တေဇာနန္ဒီ.." ဆိုပြီး သူမရဲ့ ပီတိဖြစ်စရာအလှူလေးကို ဝေမျှထားတာပါ..။

ပရိသတ်တွေကလည်း မွန်မြတ်လွန်းတဲ့ ဆရာလးတေဇာနန္ဒီ တစ်ဖြစ်လှည့် မင်းသမီးချောလေးရွှေပိုးအိမ်ရဲ့ အလှူလေးကို ကြည်နူးပီတိလေးတွေကူးစက်ကာ ချီးကျူးသာဓုခေါ်ကာ ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာကို ကြည်နူးစွာ မြင်တွေ့ရပါတယ်နော်..။

Photo Credit - Shwe Poe Eain's Fb Acc
Photo Credit - Shwe Poe Eain's Fb Acc
Photo Credit - Shwe Poe Eain's Fb Acc
Photo Credit - Shwe Poe Eain's Fb Acc

သတင်း အရင်းအမြစ်Shwe Poe Eain's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T