ခြိမ့်ကေကိုရဲ့ အသံနဲ့ ကြည့်မိသူတိုင်း မရယ်ပဲ မနေနိုင်လောက်အောင် သရုပ်ဆောင် ဆော့ကစားထားတဲ့ Kညီရဲ့ အခွီ ဗီဒီယို

//s9.kh1.co/bf/bf881dea8ab8ae3647ea6a22ce3ab72ffe43a2c0.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ကားတစ်ကား ကောင်းမွန်ပီပြင်ဖို့အတွက် ဇာတ်ဆောင် မင်းသား မင်းသမီးတွေသာ အရေးကြီးတာမဟုတ်ပဲ ဇာတ်ပို့ သရုပ်ဆောင်တွေကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ရပါတယ်။ အခုလို ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာမှ ကာရိုက်တာ ပေါင်းစုံကို ပီပြင်အောင် ဇာတ်ရှိန်တက်အောင် သရုပ်ဆောင်နိုင်သူကတော့ K ညီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် kညီကတော့ အနုပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သူလေးပဲဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားအမျိုးမျိုးမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်အောင်ကြိုးစားသရုပ်ဆောင်နေသူတစ်ဦးပဲဖြစ်ပါတယ်။ 

Photo credit - K Nyi's Facebook Account 
Photo credit - K Nyi's Facebook Account 
Photo credit - K Nyi's Facebook Account 
Photo credit - K Nyi's Facebook Account 

kညီကတော့ ချစ်စရာကောင်းတဲ့မိသားစုလေးကိုတည်ဆောက်ထားပြီး အိမ်မှူကိစ္စနိုင်နင်းတဲ့ ချစ်ဇနီးလေးအပြင် ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ Kညီက အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအဖြစ် အထည်ဆိုင်လေးတစ်ခုကိုလည်း ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေသိရှိစေဖို့အတွက် လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဝေမျှလေ့ရှိတာလည်းဖြစ်ပါတယ် ။

Photo credit - K Nyi's Facebook Account 
Photo credit - K Nyi's Facebook Account 
Photo credit - K Nyi's Facebook Account 
Photo credit - K Nyi's Facebook Account 

ယနေ့မှာလည်း ခြိမ့်ကေကို သီဆိုထားတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေကို ရယ်မောစေပြန်ပါတယ်။ ကြည့်မိသူတိုင်း သဘောကျ ရယ်မောသွားရလောက်အောင် ရိုက်ကူးထားတဲ့ Kညီရဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ Kညီရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေက အားပေးပြီး အခုလက်ရှိ ဗီဒီယိုလေးကိုလည်း ကြည့်ရှု့ပေးကြပါအုန်းနော်.....။

Photo credit - K Nyi's Facebook Account 
Photo credit - K Nyi's Facebook Account 
Photo credit - K Nyi's Facebook Account 
Photo credit - K Nyi's Facebook Account 

သတင်း အရင်းအမြစ်Source - K Nyi's Facebook Account

သတင်း အရင်းအမြစ်

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T