ဆယ်ကျော်သက်အရွယ် အနုပညာလှုပ်ရှားမှု စတင်လုပ်ခဲ့စဥ်က အသည်းယားစရာ ဗီဒီယိုလေးတစ်ခုကို ချပြလာတဲ့ စိုးပြည့်သဇင်

//s9.kh1.co/57/57e9f9353b989efdb6bbb973ae9cb3a29177df32.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

အသက်အရွယ်ငယ်ပေမယ့် တည်ကြည်ရင့်ကျက်ပြီး စိတ်ထားဖြူစင်လွန်းတဲ့ သူလေးကတော့ မင်းသမီးချောလေး စိုးပြည့်သဇင်ပဲဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာပါ။

Photo credit - Soe Pyae Thazin's FB account 
Photo credit - Soe Pyae Thazin's FB account 

စိုးပြည့်လေးက မိဘအပေါ်သိတတ်ပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးဖြစ်တာကြောင့် လူအများရဲ့ ချစ်ခြင်းကိုလည်း အပြည့်အဝရရှိထားသူပဲဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်ကျော့ရှင်းကာ အေးချမ်းတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသလို ကလေးလေးတ်ယောက်လို ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့လည်း အမြဲဖမ်းစားတတ်သူလေးပါ။ အခုလက်ရှိမှာလည်း သူမက အနုပညာစလုပ်ခါစကာ ဗီဒီယိုလေးကို ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။

Photo credit - Soe Pyae Thazin's FB account 
Photo credit - Soe Pyae Thazin's FB account 
Photo credit - Soe Pyae Thazin's FB account 
Photo credit - Soe Pyae Thazin's FB account 

ပြည့်ဖောင်းဖောင်းမျက်နှာလေးနဲ့ အသည်းယားစရာကောင်းနေပြီး ဆယ်ကျော်သက်အရွယ်တုန်းက ဖြစ်တာကြောင့် အတော်လေး ချစ်ဖို့ကောင်းနေခဲ့တာပါ။ ပရိသတ်တွေလည်း အဆိုပါ စိုးပြည့်သဇင်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေ ။ ပရိသတ်တွေကလည်း မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်အားပေးလိုက်ကြပါအုန်းနော်...။

Photo credit - Soe Pyae Thazin's FB account 
Photo credit - Soe Pyae Thazin's FB account 

သတင်း အရင်းအမြစ်Source - Soe Pyae Thazin's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T