အခုချိန်အထိတိုင်အောင် သားလေးနဲ့အပြိုင် ချောမောခန့်ညားနေဆဲဖြစ်ပြီး ကျက်သရေရှိစွာ လိုက်ဖက်ညီနေကြတဲ့ နေတိုးရဲ့ဖေဖေနဲ့မေမေ

//s9.kh1.co/8e/8e5c89b03e0364f76c956a2804a3eb16e3931b7c.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

အခုချိန်အထိတိုင်အောင် သားလေးနဲ့အပြိုင် ချောမောခန့်ညားနေဆဲဖြစ်ပြီး ကျက်သရေရှိစွာ လိုက်ဖက်ညီနေကြတဲ့ နေတိုးရဲ့ဖေဖေနဲ့မေမေ

မင်းသားချောလေး နေတိုးကတော့ အကယ်ဒမီဆုသုံးဆုတိတိ ရယူထားနိုင်တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်ပဲ ဖြစ်ပါတယ် ။ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲတစ်ဦးအဖြစ် ရပ်တည်နေတဲ့ နေတိုးက ပရိသတ်တွေအပေါ်မှာ လေးလေးစားစားဆက်ဆံပြီး ဖော်ရွေတတ်တာ ဖြစ်ပါတယ် ။ နေတိုးက ယနေ့အချိန်အထိတိုင်အောင် ဆက်လက်အောင်မြင်နေဆဲဖြစ်ပြီး ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Nay Toe's FB Page 
Photo Credit-Nay Toe's FB Page 
Photo Credit-Nay Toe's FB Page 
Photo Credit-Nay Toe's FB Page 

ချောမောခန့်ညားတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားတဲ့ နေတိုးက ယောက်ျားပီသပြီး စတိုင်လ်ကျသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော် ။ ဒါကြောင့်လည်း နေတိုးကို မိန်းကလေးပရိသတ်တွေ တော်တော်များများက အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ် ။ နေတိုးက အေးအေးဆေးဆေးနေတတ်ပြီး မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်ရိုသေတဲ့ သားလိမ္မာလေးပဲ ဖြစ်ပါတယ် ။ အခုလည်း နေတိုးက သူချစ်ရတဲ့ဖေဖေ၊မေမေတို့နဲ့အတူ အမှတ်တရပုံလေး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Nay Toe's FB Page 
Photo Credit-Nay Toe's FB Page 
Photo Credit-Min Thway's FB Page 
Photo Credit-Min Thway's FB Page 

ကျက်သရေရှိပြီး အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ နေတိုးတို့မိသားစုရဲ့ပုံလေးကို ဒီဇိုင်နာမင်းသက်စံက My Story မှာ တင်ပေးထားတာ ဖြစ်ပါတယ် ။ အခုချိန်အထိ အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ နေတိုးရဲ့ဖေဖေနဲ့မေမေကတော့ သားလေးနဲ့အပြိုင် ချောမောခန့်ညားနေကြတာ ဖြစ်ပါတယ် ။ ကဲ မြန်မာဝတ်စုံလေးတွေတူညီစွာ ဝတ်ဆင်ပြီး ကြည်နူးစရာကောင်းတဲ့ မင်းသားချော နေတိုးတို့မိသားစုလေးရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Min Thet Saen's FB Story

Photo Credit-Min Thet Saen's FB Story
Photo Credit-Min Thet Saen's FB Story
Photo Credit-Min Thet Saen's FB Story
Photo Credit-Min Thet Saen's FB Story
Photo Credit-Nay Toe's FB Page 
Photo Credit-Nay Toe's FB Page 
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T