ချစ်ရတဲ့မောင်က တန်ဖိုးကြီးစိန်လက်စွပ်နဲ့ Surprise လာလုပ်လို့ ရင်ခုန်ပျော်ရွှင်ပြီး အချစ်တကယ်ရှိကြောင်းသိလိုက်ရတဲ့ ဖြူဖြူကျော်သိန်း

//s9.kh1.co/8d/8d687c1df20442d8731149f2ca35fff4bedff2ed.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ချစ်ရတဲ့မောင်က တန်ဖိုးကြီးစိန်လက်စွပ်နဲ့ Surprise လာလုပ်လို့ ရင်ခုန်ပျော်ရွှင်ပြီး အချစ်တကယ်ရှိကြောင်းသိလိုက်ရတဲ့ ဖြူဖြူကျော်သိန်း

မြန်မာနိုင်ငံရဲ့နာမည်ကြီး တေးသံရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ မသိသူမရှိလောက်အောင် အောင်မြင်နေပြီးသား ဖြစ်ပါတယ် ။ အချစ်သီချင်းတွေသာမက အသည်းကွဲသီချင်းတွေကိုပါ ဖန်တီးတတ်တဲ့ ဖြူဖြူကျော်သိန်းက အမာခံပရိသတ်တွေရဲ့အပြတ်အသတ် အားပေးမှုကိုပါ ရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ဖြူဖြူကျော်သိန်းက သီချင်းအသစ်တွေကို ဆက်လက်ဖန်တီးနေဆဲ ဖြစ်ပါတယ် ။

Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page

ဂီတနဲ့ပတ်သက်ပြီး အင်မတန်ထူးချွန်တဲ့ ဖြူဖြူကျော်သိန်းက "Myanmar Idol" သီချင်းဆိုပြိုင်ပွဲကြီးမှာပါ ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေရတာ ဖြစ်ပါတယ် ။ ဖြူဖြူကျော်သိန်းက ထူးခြားတဲ့အသံပါဝါကိုပိုင်ဆိုင်ထားတဲ့အပြင် သူများတွေနဲ့မတူတဲ့ ဖက်ရှင်တွေကိုလည်း ယုံကြည်မှုအပြည့်နဲ့ ဝတ်စားဆင်ယင်တတ်တာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူကျော်သိန်းက ပရိသတ်တွေအံ့အားသင့်သွားစေမယ့် သတင်းလေးတစ်ခုကို ကြေညာလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page

ဖြူဖြူကျော်သိန်းက "ဘဝ မှာ surprise ဆိုလို့ အခက်အခဲတွေပဲရှိခဲ့ဖူးတာ....Thank you မောင် တကယ်ကိုအချစ်ရှိတယ်နော်" ဆိုပြီး ပုံလေးတွေကို တင်ပေးလိုက်တာ ဖြစ်ပါတယ် ။ တန်ဖိုးကြီးစိန်လက်စွပ်တစ်ကွင်းကို ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ပေးပြီး ဖြူဖြူ့ကို စပရိုက်လုပ်လိုက်တဲ့သူကိုတော့ အခုဆိုရင် ပရိသတ်တွေက စိတ်ဝင်တစားနဲ့ သိချင်နေကြပြီပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေလည်း အရမ်းကို Romantic ဆန်လွန်းတဲ့ ဖြူဖြူကျော်သိန်းရဲ့ပုံလေးတွေကို ကြည့်ရှုရင်းနဲ့ လက်စွပ်ပေးတဲ့သူကို အောက်မှာ ခန့်မှန်းပေးခဲ့ကြဦးနော်။

Source & Photo Credit-Phyu Phyu Kyaw Thein's FB Page

Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page
Photo Credit-Phyu Phyu Kyaw Thein's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T