အဆင့်အတန်းမြင့်တဲ့ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ကြည်ကြည်နူးနူးနဲ့ အပန်းဖြေရင်း ပျော်ရွှင်နေကြတဲ့ မောင်နဲ့ရီရီပွင့်ဖြူတို့ချစ်သူနှစ်ယောက်

//s9.kh1.co/1a/1a17231679828d26d880eaca05a308514397642a.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

အဆင့်အတန်းမြင့်တဲ့ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ကြည်ကြည်နူးနူးနဲ့ အပန်းဖြေရင်း ပျော်ရွှင်နေကြတဲ့ မောင်နဲ့ရီရီပွင့်ဖြူတို့ချစ်သူနှစ်ယောက်

ပရိသတ်ကြီးရေ သရုပ်ဆောင်မောင်နဲ့သရုပ်ဆောင်ရီရီပွင့်ဖြူတို့ချစ်သူနှစ်ယောက်ကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကို မလုပ်ကိုင်ကြတော့ဘဲ စီးပွားရေးဘက်ကိုသာ တစိုက်မက်မက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ပရိသတ်တွေနဲ့အမြဲရင်းနှီးနေအောင်လို့ မောင်နဲ့ရီရီတို့နှစ်ယောက်က Vlogလေးတွေရိုက်ပြီး တင်ဆက်နေတာဖြစ်ပါတယ်နော်။မောင်နဲ့ရီရီတို့ရဲ့ချစ်သူသက်တမ်းကလည်း နှစ်တွေကြာမြင့်နေပြီဖြစ်လို့ အပြန်အလှန်နားလည်မှုကတော့ အပြည့်ရှိကြပါတယ်။

Photo Credit:SEIN PHYO & YI's Facebook page

မောင်ကလည်း ချစ်သူလေးရီရီကို အရိပ်တကြည့်ကြည့်နဲ့အရမ်းချစ်ပြီး အမြဲဂရုစိုက်ပေးတာဖြစ်ပါတယ်နော်။မောင်နဲ့ရီရီတို့က လူငယ်တွေလည်းဖြစ်ကြတာကြောင့် တစ်ယောက်ကိုတစ်ယောက် စနောက်တတ်ပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်တတ်ကြပါတယ်။ပရိသတ်တွေကလည်း မောင်နဲ့ရီရီတို့ကို သဘောတူနေကြပြီး သူတို့ရဲ့မင်္ဂလာသတင်းလေးကို မျှော်လင့်နေကြတာဖြစ်ပါတယ်။အခုလတ်တလောမှာဆိုရင်တော့ မောင်နဲ့ရီရီတို့က ပျော်ပျော်ပါးပါးနဲ့ အတူတူခရီးထွက်နေကြတာဖြစ်ပါတယ်နော်။ 

Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page

မောင်နဲ့ရီရီတို့ကတော့ ခရီးတွေလည်းအတူတူသွားလာကြပြီး ပရိသတ်တွေအတွက် ဗဟုသုတရစေမယ့် Vlogလေးတွေကို သေချာရိုက်ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မောင်နဲ့ရီရီတို့ချစ်သူနှစ်ယောက်က အဆင့်အတန်းမြင့်တဲ့ ဇိမ်ခံသင်္ဘောကြီးပေါ်မှာ သာသာယာယာနဲ့အနားယူနေကြတာဖြစ်ပါတယ်။မောင်နဲ့ရီရီတို့ကတော့ သင်္ဘောကြီးနဲ့အတူ (၆)ရက် ခရီးထွက်မှာဖြစ်လို့ ပရိသတ်တွေလည်း သူတို့ပုံရိပ်လေးတွေကို မြင်တွေ့ရအောင် ပြန်လည်မျှဝေပေစလိုက်ပါတယ်နော်။ 

Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page
Photo Credit:SEIN PHYO & YI's Facebook page

Source&Photo Credit:SEIN PHYO & YI's Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T