မလေးရှားနိုင်ငံရဲ့ နာမည်ကြီးသတင်းစာမျက်နှာတစ်ခုမှာ သေသေချာချာ ဖော်ပြခြင်းခံရတဲ့အထိကို အောင်မြင်နေတဲ့ ပိုင်တံခွန်

//s9.kh1.co/c7/c70d1d695baeec5f860a5c8ceee38ccd3011491b.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ကတော့ တစ်နေ့တခြား အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ ထိုးဖောက်ပြီး နှုတ်ခမ်းနီးမလေးတွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန် က စမတ်ကျတဲ့ အရပ်အမောင်းအပြင် ယောကျာ်းပီသတဲ့ တည်ကြည်ခန့်ညားမှုတွေနဲ့ ပြည့်စုံတဲ့ မင်းသားချောလေးပဲ ဖြစ်ပါတယ်။

Photo Credit - Paing Takhon fb page 
Photo Credit - Paing Takhon fb page 
Photo Credit - Paing Takhon fb page 
Photo Credit - Paing Takhon fb page 

မကြာသေးခင် ရက်ပိုင်းလောက်က ပိုင်တံခွန် ဟာ အေးချမ်းတဲ့ဘုရားရိပ်မှာ လူဝတ်လဲပြီး ရဟန်းဘဝနဲ့ ခိုလှုံခဲ့တာကို ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ သူ့ရဲ့ ရဟန်းဘဝတုန်းက ရိုက်ခဲ့တဲ့ ပုံတွေကလည်း ပြည်တွင်းမှာ မက ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ် ၊ အိန္ဒိယ ၊ နီပေါ ၊ စင်ကာပူ နဲ့ အခြားနိုင်ငံတွေရဲ့ သတင်းမီဒီယာများမှာ ဖော်ပြပေးခြင်းခံရခဲ့ပါတယ်။ ယနေ့မှာဆိုရင်တော့ နိုင်ငံတစ်ခုရဲ့ သတင်းတစ်ခုမှာ နောက်ထပ်ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Paing Takhon fb page 
Photo Credit - Paing Takhon fb page 
Photo Credit - Paing Takhon fb page 
Photo Credit - Paing Takhon fb page 

ယခုတစ်ခါဖော်ပြပေးတာကတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မလေးရှားက သတင်းစားမျက်နှာတစ်ခုမှာ ဖော်ပြလာခဲ့ပါတယ်။ ဒီအကြောင်းလေးကိုတော့ ပိုင်တံခွန် ရဲ့ အစ်မဖြစ်သူရဲ့ လူမှုကွန်ယက်မှာ ပြန်လည်မျှဝေပေးလာခဲ့တာ ဖြစ်ပါတယ်။ " ဒီနေ့တော့ မလေးရှားသတင်းစာမှာ ပါလာပြီ Congratulations Paing Takhon " ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဒီထက်မက အောင်မြင်မှုတွေဆက်တိုက်ရရှိအောင် ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။

Photo Credit - May Chit Thway fb account
Photo Credit - May Chit Thway fb account

သတင်း အရင်းအမြစ်Source- - May Chit Thway fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T