အပြုံးချိုချိုလေးနဲ့ မင်းသမီးချော ချစ်စနိုးဦး ရဲ့ ပရိသတ်တွေရှိလား။

အနုပညာရှင်တိုင်းလိုလို အနုပညာအပြင် တစ်ဖက်တစ်လမ်းမှာ စီးပွားရေးတွေကိုယ်စီလုပ်နေကြချိန်မှာ ပရိသတ်အချစ်တော် မင်းသမီးချော ချစ်စနိုးဦးကရော ကိုယ်ပိုင်စီးပွားရေးလုပ်ဖြစ်မလားဆိုတာ သိချင်ကြမှာပါပဲ။

ဇာတ်လမ်းတွေအများကြီးရိုက်ကူးခဲ့တဲ့ ချစ်စနိုးဦး တစ်ယောက် ပရိသတ်အခိုင်အမာရရှိနေဆဲမို့ သူမအနေနဲ့ စီးးပွားရေးမလုပ်ဖြစ်သေးကြောင်း အခုလို ဖွင့်ဟလာပါတယ်။

အခုချိန်မှာတော့ သရုပ်ဆောင်ပိုင်းထက် သီချင်းအဆိုပိုင်းကို ပရိသတ်ပိုလက်ခံအားပေးနေတယ်လို့ ဆိုလာတဲ့ သရုပ်ဆောင်ချစ်စနိုးဦးက အချိန်တွေကို ပရိသတ်ကပိုင်နေဆဲမို့ စီးပွားရေးမလုပ်ဖြစ်သေးဘူးလို့ Myanmar People Magazine ကို ပြောပြခဲ့ပါတယ်။

“စီးပွားရေးအလုပ်ဆိုတာက အချိန်ပေးရမှာပေါ့နော်။ပိုက်ဆံထည့်ထားပြီး ကိုယ်သွားချင်တာ လျှောက်သွားနေလို့မှ မရတာ။အခုက အချိန်က ကိုယ်ကမပိုင်သေးဘူး။ပရိသတ်ကပိုင်နေတာပေါ့။ဒါကြောင့် ဒီအနုပညာကို လုံးဝနားတော့မှ ၊ ဒါမှမဟုတ် အိမ်ကတယောက်ယောက်က သေချာထိုင်ပြီး ကူနေမှ လုပ်ဖြစ်တော့မယ်” လို့ သရုပ်ဆောင်ချစ်စနိုးဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဇာတ်ကားတွေကမ်းလှမ်းထားတာရှိသလို ဇာတ်လမ်းတိုရိုက်ခြင်း ၊ နယ်ရှိုးများသီဆိုခြင်းတို့ကို လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ် Myanmar people mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။