ချစ်ပရိသတ်ကြီးရေ ကလေးသရုပ်ဆောင်ဘဝကတည်းက အနုပညာလောကထဲမှာ လူသိများ အောင်မြင်ခဲ့ပြီး အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ ယွန်းယွန်းကတော့ ယနေ့အချိန်ထိတိုင် အနုပညာလမ်းကြောင်းထမှာ အောင်မြင်စွာ လျှောက်လှမ်းနေဆဲပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာပြီဖြစ်တဲ့ ယွန်းယွန်းက ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း တစ်ခဲနက်ရရှိထားတာပါ။


ယွန်းယွန်းဟာပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့လည်း ဖမ်းစားတတ်သလို ချစ်စရာဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးဖြစ်ပါတယ်။ သူမရဲ့မဟာဆန်တဲ့ဆံနွယ်ရှည်ကြီးကလည်း အရမ်းကျက်သရေရှိပြီး ပရိသတ်တွေသဘောကျကြိုက်နှစ်သက်နေရတဲ့ အချက်တစ်ချက်ဆိုလည်းမမှားပါဘူးနော်။


သူမရဲ့ အနုပညာပုံရိပ်လေးတွေနဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲမျှဝေပေးလေ့ရှိတာလည်းဖြစ်ပါတယ်။ အခုလည်း မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တဲ့ ပုံရိပ်လေးတွေကိုဝေမျှထားရာ အောင်မင်းခန့်နဲ့အရမ်းကို ရိုနေတဲ့ပုံရိပ်လေးတွေက ချစ်စရာကောင်းပြီးလိုက်ဖက်လွန်းနေတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယွန်းရဲ့ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။


Source : Yoon Yoon Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။