ကိုယ်၀န်‌ေဆာင်မိခင်တွေအနေနဲ့ ဆေးလိပ်သောက်မယ်ဆို ဗိုက်ထဲက ကလေး ခံစားရမယ့် အဆင့်ဆင့်ပုံများ

//s9.kh1.co/b2/b22b6feaebeb948ab03e550399efe62c022e28d6.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လူရယ်လို့ ဖြစ်လာရင် အိမ်ထောင်သားမွေးအမှုကို ပြုကြတာများပြီး လူ့လောကအတွက် နောက်ထပ် မျိုးဆက်ကို ချန်ထားရစ်ကြတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်ဝန်ဆောင်ရတဲ့ အမျိုးသမီးတွေဟာ မမွေးဖွားမှီ ၉လအတွင်း အသွားအလာအနေအထိုင်ကအစ သတိထားနေကြရပြီး နည်းနည်းလေးမှ အထိခိုက်ခံလို့ မဖြစ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးဗဟုသုတနည်းတဲ့ တချို့ကိုယ်ဝန်သည်တွေဟာ ဗိုက်ကြီးနေစဉ်အတွင်းမှာ မိမိကြိုက်နှစ်သက်တဲ့ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်သုံးတတ်ကြပါတယ်။ ဒါ့ကြောင့် မိမိစိတ်ဆန္ဒကြောင့် ဆေးလိပ်သောက်တဲ့အခါ ဗိုက်ထဲကကလေးလေး ဘယ်လိုခံစားရမလဲဆိုတာ အဆင့်လေးတွေနဲ့ ရှင်းပြပေးထားပါတယ်။

https://s9.kh1.co/__image/w=600,h=775,q=100/14/141202513e49ec070cc2a1623c2eaafe50d8a18d.jpg

(၁) တစ်ကယ်လို့ ကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးလိပ်သောက်တဲ့အခါ ဗိုက်ထဲက ကလေးဟာ ပုံမှာမြင်ရတဲ့အတိုင်း ဖိအားတွေ အောက်မှာနေရသလို ဖြစ်ပြီး အသက်ရှုရခက်နေသလို ဖြစ်သွားပါတယ်။ အောက်ပုံကတော့ သာမန်ဆေးလိပ်မသောက်တဲ့ ကိုယ်ဝန်ဆောင်ရဲ့ ဗိုက်ထဲက ကလေးပါ။ ဘာဖိအားမှ ခံစားရခြင်းမရှိပဲ သက်တောင့်သက်သာ နေနေတာကိုတွေ့ရမှာပါ။

https://s9.kh1.co/__image/w=600,h=330,q=100/b2/b22b6feaebeb948ab03e550399efe62c022e28d6.jpg

(၂) ဒီမှာတော့ ဆေးလိပ်သောက်တဲ့ ကိုယ်ဝန်ဆောင်ဗိုက်ထဲက ကလေးနဲ့ ဆေးလိပ်မသောက်ပဲနေတဲ့ ကိုယ်ဝန်ဆောင် ဗိုက်ထဲကကလေး နှစ်ယောက်ကို နှိုင်းယှဉ်ပြထားတဲ့ ပုံပဲ ဖြစ်ပါတယ်။ ဘယ်လိုတွေ ကွာခြားနေလဲဆိုတာ ပရိသတ်ကြီးကြည့်ပြီးဆုံးဖြတ်ပေးပါနော်။

https://s9.kh1.co/__image/w=600,h=986,q=100/7c/7ca2885f675f85332a402da7c013218c8e472680.jpg

(၃) နောက်တစ်ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကလေးကို ultrasounds ရိုက်ကြည့်တဲ့အခါ ဆေးလိပ်သောက်တဲ့ ကိုယ်ဝန်သည်ရဲ့ ကလေးဟာ မိခင် ဝမ်းဗိုက်ထဲမှာခက်ခက်ခဲခဲ အသက်ရှုဖို့ ရုန်းကန်နေရတာကို အတိုင်းတား တွေ့မြင်နေရပါတယ်။ သူတေသနလုပ်တဲ့ သူတွေကတော့ ကိုယ်ဝန်သည်အမျိုးသမီးတွေ ဒီပုံကို မြင်ပြီး ဆေးလိပ်သောက်တာကို ရှောင်ကျဉ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

https://s9.kh1.co/__image/w=600,h=314,q=100/da/dab2be80dcc1ffcd59c7d66b07c4ea733ff898d5.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T