ယနေ့ခေတ်မှာ မြင်တွေ့ရဖို့ မလွယ်ကူးတော့တဲ့ ဧရာမ ဂါလာပါဂိုး လိပ်ကြီးများ

//s9.kh1.co/46/46638623211972187ca204eb4bf5217fee081ccf.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ ၁၈၀၀ ခုနှစ်တွေတုန်းက ဂါလာပါဂိုးကျွန်းတွေမှာ Galapagos လို့ခေါ်တဲ့ လိပ်ကြီးတွေ ရှင်သန်ကျက်စားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မကြာခင် အချိန်မှာပဲ ကျွန်းပေါ်ကို ကြွက်တွေ အတော်တော်များရောက်ချလာကြပြီး ဂါလာပါဂိုး ကျွန်းတွေကို ကသူတို့ရဲ့ ကိုယ်ပိုင် ကိုလိုနီ နယ်မြေအဖြစ် ပြုလုပ်ကြပါတယ်။ ဒါဟာ ဂါလာပါဂိုးလိပ်ကြီးတွေကို မျိုးတုန်းပျောက်ကွယ်သွားစေကြတဲ့ အကြောင်းပဲ ဖြစ်ပြီး အကြောင်းရင်းကတော့ ကြွက်တွေဟာ လိပ်တွေရဲ့ ဥကို အစုလိုက်အပြုံလိုက် စားပစ်ကြတာကြောင့် ဆက်လက်ရှင်သန်မယ့် မျိုးဆက်မရှိတော့တာကြောင့် မျိုးတုန်းပျောက်ကွယ်သွားကြရတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/fc/fcdb8b91e17485372688726437d43468b5e37893.jpg
https://s9.kh1.co/__image/w=600,h=215,q=100/9e/9ed2ee114445c2c1dfc190439c37d32b2ee6eb66.jpg

ဒီလိုနဲ့ အချိန်တွေအတော်ကြာသွားတဲ့အခါမှာတော့ တိရစ္ဆာန်ထိန်းသိမ်းအဖွဲ့ရဲ့ အစီရင်ခံစာ တစ်ခုထွက်ရှိလာပါတယ်။ ဒီအစီရင်ခံစာထဲမှာထူးထူးဆန်းဆန်းပါလာတဲ့ သတင်းကတော့ ဂါလာပါဂိုးကျွန်းမှာ လိပ်ကြီးတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ သူတို့ဟာ ကျွန်းပေါ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး စစ်ဆေးခဲ့ရာမှာတော့ တစ်ကယ့်ကို လိပ်ကြီးတွေဟာ မျိုးမတုန်းပဲရှိနေကြသေးတာကို အံသြဖွယ်တွေ့ရှိခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/a7/a781b919cecfafa7c0b4a072ab5e5b835f710e43.jpg
https://s9.kh1.co/__image/w=600,h=398,q=100/91/91bea431e84e444dc6d266bcf4f2d930c2687926.jpg

ဒါ့ကြောင့်ပဲ Danny Reuda ဦးဆောင်တဲ့ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ဟာ ဘာကြောင့် ကြွက်တွေ ဒီကျွန်းပေါ်မှာရှိနေရလဲဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်တဲ့အခါမှာတော့ ၁၉ရာစုနှစ်တုန်းက ပင်လယ်ဓားပြတွေဟာ ဒီကျွန်းတွေဘက်ကို ရွက်လွှင့်ခဲ့ရင်း သူတို့နဲ့အတူပါလာတဲ့ ကြွက်တွေကို ကျွန်းပေါ်ကို လွှတ်ပေးခဲ့ရာကနေစတင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ကြောင့်ပဲ သူတို့အဖွဲ့ဟာ ကျွန်းပေါ်ကို ပုတ်သင်၊ ငှက်နဲ့ မြွေ စတဲ့ ကြွက်ကိုစားသောသတ္တဝါတွေကို ကျွန်းပေါ်မှာလွှတ်ပေးခဲ့တဲ့အပြင် ကြွက်သတ်ဆေးတွေပါ သုံးပြီး ထိထိရောကိရောက်နှိမ်နင်းခဲ့တာကြောင့် အခုဆိုရင် ဂါလာပါဂိုးကျွန်းပေါ်မှာ ရှားပါးလိပ်ကြီးတွေ ပြန်လည် ရှင်သန်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=483,q=100/ca/ca59aa5f5379ce8236b156797d85982ff54c9101.jpg
https://s9.kh1.co/__image/w=600,h=337,q=100/1a/1a24f541ace4b0003914edb59613bea8ca6a9c37.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T