ဇေကမ္ဘာပြတိုက်က ပျူ​ခေတ်နဲ့ပတ်သက်တဲ့​အဖိုးတန်ရှေ့ဟောင်းအမွေအနှစ်များကို ပရိသတ်တွေအတွက် ဖော်ပြထားတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ ဗီဒီယို

//s9.kh1.co/49/49b7eb523dd8edc157ba66067e5238262f0ea7fb.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသား မောင် နဲ့ မင်းသမီးချောလေး ရီရီပွင့်ဖြူ တို့ ချစ်သူနှစ်ယောက်က အနုပညာနယ်ပယ်မှာ ပရိသတ်တွေကိုယ်စီဖြင့် အကောင်းဆုံးရပ်တည်ထားတဲ့ သူပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ တစ်ချိန်က ဗီဒီယိုဇာတ်ကားတော်တော်များများကို ရိုက်ကူးထားခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပဲ ကိုယ်ပိုင်လုပ်ငန်းတွေကိုသာ လုပ်ကိုင်နေခဲ့ပါတယ်။

PhotoCredit - Sein Phyo&Yi fb page
PhotoCredit - Sein Phyo&Yi fb page
PhotoCredit - Sein Phyo&Yi fb page
PhotoCredit - Sein Phyo&Yi fb page

မောင် နဲ့ ရီရီပွင့်ဖြူ တို့ကနှစ်ရှည်စွာ တွဲလာခဲ့တာ ဖြစ်ပြီး အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲဖြစ်တာကြောင့် ပရိသတ်တွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင်လည်း သူတို့ချစ်သူနှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဖွင့်တော့မယ့် ဇေကမ္ဘာပြတိုက်ရဲ့ အဖိုးတန်ရှေး​ဟောင်းအ​မွေအနှစ်တွေကို ရိုက်ပြထားတဲ့ ဗီဒီယိုလေးက်ု ဖော်ပြလာခဲ့ပါတယ်။

PhotoCredit - Sein Phyo&Yi fb page
PhotoCredit - Sein Phyo&Yi fb page
PhotoCredit - Sein Phyo&Yi fb page
PhotoCredit - Sein Phyo&Yi fb page

ဒီဗီဒီယိုလေးနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာလည်း " သမိုင်းမှတ်တမ်း အ​စောဆုံးဖြစ်ခဲ့တဲ့ ပျူ တို့ရဲ့ အစဉ်အလာ နှင့် အဖိုးတန် ပျူပုတီး များ ပျူ​ခေတ်က အရမ်းကိုကျယ်ပြန့်သ​လောက် ​ဇေကမ္ဘာပြတိုက်မှာပြသထားတဲ့ ပျူ​ခေတ်နဲ့ ပတ်သက်တဲ့​ အဖိုးတန်ရှေး​ဟောင်းအ​မွေအနှစ်​တွေကလည်း တကယ့်ကိုအများကြီးပါ... ဒီ Vlog ​လေးက​တော့ Sein Phyo & Yi က ပြတိုက်ကိုသွား​ရောက်လည်ပတ်ခဲ့ပြီး သိသ​လောက်ကိုပဲ Sharing လုပ်​ပေးရုံပါ​နော်...

ဒီ့ထက် နက်နက်နဲနဲ ​လေ့လာချင်တယ်ဆိုရင် ပြတိုက်ကြီးကလည်း ​ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့မှာ ​အောက်ထပ် ၂ထပ် ကို စတင်ဖွင့်လှစ်​ပေးလိုက်ပါပြီ... အ​သေးစိတ်ကို​တော့ Zay Kabar Museum Page က​နေ သိရှိနိုင်ပါတယ်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေလည်း မောင် နဲ့ ရီရီပွင့်ဖြူ တို့ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Sein Phyo&Yi fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T