ဂျာမနီကို ပညာတော်သင်သွားရတော့မယ့် သူငယ်ချင်း ရှိုင်းဝဏ္ဏနဲ့ ခွဲခွာရလို့ စိတ်မကောင်းဖြစ်နေခဲ့တဲ့ Sinon

//s9.kh1.co/fe/fefcd29eb3e7a0ab8286d75484a806f1eb27d30c.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာပဲ အခြေချနေထိုင်ကာ အနုပညာအလုပ်တွေကို လက်ခံလုပ်ကိုင်နေသူကတော့ ဖိလစ်ပိုင် Cat Walk မော်ဒယ်လ် Sinon Loresca ပဲ ဖြစ်ပါတယ်။ Sinonက ဖော်ရွေပျုငှာတဲ့ စိတ်ထားလေးနဲ့ ခင်မင်ရင်းနှီးတတ်သူဖြစ်ပြီး အလှူအတန်းတွေကိုလည်း လက်မနှေးသူမို့ မြန်မာပြည်က ပရိသတ်တွေက တစ်ခဲနက်အားပေးအချစ်ပိုကြတာကို တွေ့ရပါတယ်။ 

Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page

Sinonက သူငယ်ချင်းတွေအပေါ်မှာလည်း စိတ်ရင်းနဲ့ ပေါင်းသင်းတတ်ကာ အချစ်ပိုတတ်သူပါ။ မြန်မာပြည်က သူ ချစ်ရတဲ့ သူငယ်ချင်းတွေထဲမှာ မိချိုလို့ အများက သိကြတဲ့ ရှိုင်းဝဏ္ဏကလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ မိချိုဟာဆိုရင် ဟာသဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်တွေကို ရယ်မောစေတာဖြစ်ပြီး အချိန်ခဏလေးအတွင်းနဲ့လည်း အောင်မြင်မှုတွေ တစ်ခဲနက်ရရှိအောင် ကြိုးစားခဲ့သူပါ။

Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page

မိချိုက မြန်မာပြည်ကို ခဏပြန်လာခဲ့တာဖြစ်ပြီး မနေ့က နေ့လည်ခင်းအချိန်မှာတော့ ပညာရေးအတွက် ဂျာမနီကို ပြန်သွားခဲ့ရပါပြီ။ ဂျာမနီကို သွားရတဲ့ သူငယ်ချင်း မိချိုအတွက် Sinonက ဝမ်းသာနေပေမယ့်လည်း ခွဲခွာရတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်နေခဲ့တာပါ။ အဲ့တာကြောင့် Sinonက သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ မိချိုနဲ့ နှစ်ယောက်အတူ ပုံလေးတွေကို တင်ပေးလာရင်း " Goodbye My Friend Shine, Ayan chit tal and always take care in Germany see you again one day " ဆိုပြီး ရေးသားလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေ.... ။

Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page
Photo credit - Sinon Loresca 's FB page

သတင်း အရင်းအမြစ်Source - Sinon Loresca 's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T