ချစ်ဇနီးချောလေးမေသူနဲ့အတူ ပန်းလှိုင်ဂေါက်ကွင်းထဲမှာ မနက်စောစောလမ်းထလျှောက်ပြီး လူငယ်လေးတွေလို လန်းဆန်းတက်ကြွနေတဲ့ လွင်မိုး

//s9.kh1.co/0b/0baa105a43bdb9be71ee2f9a7ec04b6d76e693ab.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ချစ်ဇနီးချောလေးမေသူနဲ့အတူ ပန်းလှိုင်ဂေါက်ာကွင်းထဲမှာ မနက်စောစောလမ်းထလျှောက်ပြီး လူငယ်လေးတွေလို လန်းဆန်းတက်ကြွနေတဲ့ လွင်မိုး

ဝါရင့်သရုပ်ဆောင် မင်းသားကြီး လွင်မိုးကိုတော့ အနုပညာရှင်အချင်းချင်းကတောင် လေးစားချစ်ခင်ရတာပဲ ဖြစ်ပါတယ် ။ တစ်ချိန်က အနုပညာလောကမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်ခဲ့တဲ့ လွင်မိုးက အခုချိန်အထိလည်း ပရိသတ်တွေအပေါ်မှာ လွမ်းမိုးထားနိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ လွင်မိုးက လီလီပန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေအပြင် အခြားလုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ နုပျိုခြင်းတွေနဲ့ အရွယ်တင်နေတဲ့ လွင်မိုးက အခုချိန်အထိ ခန့်ချောကြီးချောနေဆဲ ဖြစ်ပါတယ် ။ ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျပြီး သားလေးတစ်ယောက် မွေးဖွားခဲ့တာကြောင့် လွင်မိုးက ဘိုးဘိုးနေရာကိုရရှိသွားပြီး မြေးလေးကို သူကိုယ်တိုင်ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ် ။ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ လွင်မိုးတို့ဇနီးမောင်နှံက အခုလည်း မနက်စောစောထပြီး လမ်းလျှောက်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc

လွင်မိုးတို့ဇနီးမောင်နှံက သူတို့ရဲ့မိတ်ဆွေတွေနဲ့အတူ ပန်းလှိုင်ဂေါက်ကွင်းထဲမှာ ကျန်းမာရေးအတွက် လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ လွင်မိုးကတော့ ချောမောလှပတဲ့ ချစ်ဇနီးလေးမေသူနဲ့အတူ လမ်းလျှောက်ရင်း ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းကိုလိုက်ဖက်ညီကြပြီး ကြည်နူးစရာကောင်းတဲ့ လွင်မိုးတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-May Thu's FB Acc

Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-May Thu's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T