မင်းသားကြီးရဲအောင်က သူမရဲ့ပိုးထည်တိုက်မှာ ပုဆိုးနဲ့ရှပ်အင်္ကျီတွေကို ကိုယ်တိုင်လာဝယ်လို့ ကူညီပြီးသေချာရွေးပေးနေတဲ့ လှမျိုးသဉ္ဇာနွယ်

//s9.kh1.co/e7/e7ef2121ee0b5053b1f27653ba8b9f64b1055b07.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မင်းသားကြီးရဲအောင်က သူမရဲ့ပိုးထည်တိုက်မှာ ပုဆိုးနဲ့ရှပ်အင်္ကျီတွေကို ကိုယ်တိုင်လာဝယ်လို့ ကူညီပြီးသေချာရွေးပေးနေတဲ့ လှမျိုးသဉ္ဇာနွယ်

ပရိသတ်ကြီးရေ မင်းသမီးချောလှမျိုးသဉ္ဇာနွယ်ကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းကလုပ်ဆောင်ခဲ့လို့ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီနော်။လှမျိုးသဉ္ဇာနွယ်က အခုချိန်မှာတော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး "ရွှေပိုးတိုက်ပုံ"ဆိုတဲ့ ပိုးထည်ဆိုင်လေးကိုလည်းဖွင့်လှစ်ထားတာဖြစ်ပါတယ်။လှမျိုးသဉ္ဇာနွယ်ရဲ့ ပိုးထည်ဆိုင်လေးမှာ အနုပညာရှင်တွေအပြင် ပရိသတ်တွေကပါ အားပေးဝယ်ယူကြလို့ အရမ်းအောင်မြင်နေတာဖြစ်ပါတယ်နော်။

Photo Credit:ရွှေပိုး တိုက်ပုံ Facebook page

လှမျိုးသဉ္ဇာနွယ်ကလည်း ရင်းနှီးချစ်ခင်ရတဲ့ အနုပညာမောင်နှမတွေက လာရောက်ဝယ်ယူကြလို့ အရမ်းပီတိဖြစ်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မင်းသားချောကြီးရဲအောင်က နောက်ရိုက်မယ့်ကြော်ငြာအတွက် လှမျိုးသဉ္ဇာနွယ်ဆီမှာ ပုဆိုးတွေနဲ့ရှပ်အင်္ကျီတွေ ကိုယ်တိုင်ရွေးနေတာဖြစ်ပါတယ်။ရဲအောင်က ညီမလေးလိုခင်ရတဲ့ လှမျိုးသဉ္ဇာနွယ်ဆီမှာ ပင်တိုင်အားပေးတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း သူမဆီမှာလာအားပေးတဲ့ ချစ်အစ်ကိုကြီးရဲအောင်ကို ကျေးဇူးတင်စကားဆိုထားတာဖြစ်ပါတယ်။

Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page

လှမျိုးသဉ္ဇာနွယ်က"အကယ်ဒမီ ကိုရဲအောင်က ရွှေပိုးမမ၏ စီနီယာအနုပညာ အစ်ကို လည်း ဖြစ်သလို ရွှေပိုးတိုက်ပုံကို  ပင်တိုင် အားပေးနေသော  big coustomer ကြီးလည်းဖြစ်ပါတယ်ရှင် အခုလည်းကြော်ငြာ ရိုက်ကူးရန် တောင်သူဦးကြီးစတိုင်လ် ရွှေပိုးရှပ်များ ကို အထူးအော်ဒါချုပ်ပေးရမှာဖြစ်ပါတယ်။အမြဲနုပျို ချောမောနေသော ချစ်စရာ အစ်ကို ရဲအောင် အကယ်ဒမီ ဆုကြီးတွေ ထပ်မံဆွတ်ခူး နိုင်ပါစေလို့ ရွှေပိုး တိုက်ပုံ မိသားစုမှ ချစ်ခင်စွာ ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင်"‌ဆိုပြီး ပုံရိပ်လေးတွေနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်။ 

Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page
Photo Credit:ရွှေပိုး တိုက်ပုံ Facebook page

Source&Photo Credit:ရွှေပိုး တိုက်ပုံ Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T