တစ်ဦးတည်းသော ညီမလေးရဲ့ Tiktok ဗီဒီယိုလေးကို အကြိုက်တွေ့နေတာကြောင့် လိုက်ကနေခဲ့တဲ့ နေခြည်ဦးရဲ့ ဗီဒီယိုလေး

//s9.kh1.co/47/47641e032317abe5fd684e405c31ad78f50d2ef5.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Beauty Blogger နေခြည်ဦးလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေထဲမှာ မသိသူမရှိသလောက်ရှားပြီး မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေထဲမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်တဲ့ သူတစ်ယောက်ပါ။ လှပကျော့ရှင်းတဲ့ မျက်နှာလေးကို ပိုမိုလှပအောင် ပြင်ဆင်ခြယ်သတတ်သူဖြစ်လို့ ပုရိသပရိသတ်အများအပြားရဲ့ အားပေးဝန်းရံမှုကိုလည်း တစ်ခဲနက်ရရှိထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆီပိုမရှိတဲ့ ကိုယ်လုံးလေးကြောင့်လည်း အမြဲကြည့်ကောင်းနေသူပါ။

Photo credit - Nay Chi Oo's Fb Account 
Photo credit - Nay Chi Oo's Fb Account 
Photo credit - Nay Chi Oo's Fb Account 
Photo credit - Nay Chi Oo's Fb Account 

နေခြည်ဦးက အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်ဖြစ်လို့ ပိုက်ဆံကို ရေလိုသုံးနိုင်ပြီး တန်ဖိုးကြီး အဝတ်အထည်တွေနဲ့ အသုံးအဆောင်တွေကို အမြဲရွေးချယ်လေ့ရှိတာကိုလည်း ပရိသတ်တွေအသိပဲ ဖြစ်ပါတယ်။ မိသားစုကိုလည်း ပြန်လည်ထောက်ပံ့နိုင်နေပြီဖြစ်တဲ့ နေခြည်က သူမရဲ့ တစ်ဦးတည်းသော ညီမလေးကို လိုလေသေးမရှိအောင် ဂရုစိုက် အချစ်ပိုတတ်တာကိုလည်း တွေ့ရပါတယ်။

Photo credit - Nay Chi Oo's Fb Account 
Photo credit - Nay Chi Oo's Fb Account 
Photo credit - Nay Chi Oo's Fb Account 
Photo credit - Nay Chi Oo's Fb Account 

အနေအေးပြီး ရိုးရှင်းတဲ့ သူရဲ့ ညီမလေးက အနုပညာအလုပ်တွေ သိပ့်မလုပ်ဖြစ်ပေမယ့် ပရိသတ်အားပေးမှုကိုတော့ တစ်ခဲနက်ရရှိထားတာပါ။ အိမ်မှာနေရင်း တစ်ခါတရံ Tiktok ဆော့ကစားလေ့ရှိတဲ့ စိမ်းလဲ့ရဲ့ ဗီဒီယိုလေးတွေကို နေခြည်က အတူတွဲကာ ရိုက်ကူးလေ့ရှိတာလည်း ဖြစ်ပါတယ် ။ ညီအစ်မတွေ ကကွက်တူညီစွာ ကပြထားတဲ့ အလန်းစား Tiktok ဗီဒီယိုလေးကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း အဆိုပါ ဗီဒီယိုလေးကို ကြည့်ပြီး ဘယ်သူက အကပိုတော်လဲဆိုတာ ကောမန့်မှာပြောပေးခဲ့ပါအုန်းနော်....။

Photo credit - Nay Chi Oo's Fb Account 
Photo credit - Nay Chi Oo's Fb Account 
Photo credit - Nay Chi Oo's Fb Account 
Photo credit - Nay Chi Oo's Fb Account 

သတင်း အရင်းအမြစ်Source - Nay Chi Oo's Fb Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T