မျက်ရည်မျက်ခွက်နဲ့ အသည်းတွေကွဲနေပြီး အပီအပြင်ဆွေးနေတဲ့ ခေးဆက်သွင်ကိုကြည့်ကာ မျက်နှာလိုက်ပြောင်နေတဲ့ စိုပြေမြင့်ရဲ့ဗီဒီယို

//s9.kh1.co/2a/2a738b18600ff8eeac01e9064ff6ff76c89c2158.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မျက်ရည်မျက်ခွက်နဲ့ အသည်းတွေကွဲနေပြီး အပီအပြင်ဆွေးနေတဲ့ ခေးဆက်သွင်ကိုကြည့်ကာ မျက်နှာလိုက်ပြောင်နေတဲ့ စိုပြေမြင့်ရဲ့ဗီဒီယို

မင်းသမီးချောလေးခေးဆက်သွင်ကတော့ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit: Khay Sett Thwin  s Facebook Acc 
Photo Credit: Khay Sett Thwin s Facebook Acc 
Photo Credit: Khay Sett Thwin  s Facebook Acc 
Photo Credit: Khay Sett Thwin  s Facebook Acc 

သူမနဲ့စိုပြေမြင့်တို့ကတော့ ဇာတ်ကားတွေမှာလည်း အတူတွဲပြီး ပါဝင်သရုပ်ဆောင်လျက်ရှိနေသလို အပြင်လက်တွေ့မှာလည်း ခင်မင်ရတဲ့သူငယ်ချင်းအရင်းကြီးတွေပဲဖြစ်ကာ ပျော်ရွှင်နေကြတဲ့ နှစ်ယောက်တွဲပုံရိပ်လေးတွေကိုလည်း ချပြလေ့ရှိပါတယ်။ တစ်ယောက်ကိုတစ်ယောက်အမြဲဆေးထိုးစနောက်လျက်ရှိနေတဲ့ သူတို့သူငယ်ချင်း၂ယောက်ကတော့ ရယ်မောစရာကောင်းတဲ့ အခွီTiktokလေးတွေ၊အမိုက်စားTiktokလေးတွေကိုလည်း ဆော့ကစားလေ့ရှိကြပါတယ်။

Photo Credit: So Pyay Myint ' s Facebook Acc 
Photo Credit: So Pyay Myint ' s Facebook Acc 
Photo Credit: So Pyay Myint ' s Facebook Acc 
Photo Credit: So Pyay Myint ' s Facebook Acc 

ယခုမှာတော့ စိုပြေမြင့်ဟာ မျက်ရည်မျက်ခွက်နဲ့ အသည်းကွဲနေပြီး အပီအပြင်ဆွေးနေတဲ့ သူငယ်ချင်းခေးဆက်သွင်ကိုကြည့်ကာ မျက်နှာလိုက်ပြောင်နေခဲ့တဲ့ Tiktokဗီဒီယိုဖိုင်လေးကိုချပြလာခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးခေးဆက်သွင်နဲ့ စိုပြေမြင့်တို့သူငယ်ချင်း၂ယောက်ရဲ့ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source: So Pyay Myint ' s Tiktok Acc

Photo Credit: So Pyay Myint ' s Facebook Acc 
Photo Credit: So Pyay Myint ' s Facebook Acc 
Photo Credit: So Pyay Myint ' s  Tiktok Acc 
Photo Credit: So Pyay Myint ' s  Tiktok Acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T