ခွေးကိုက်ခံရတဲ့အခါ ပြုလုပ်ပေးသင့်တဲ့ အရေးပေါ် ကုသနည်းများ

//s9.kh1.co/3e/3e39eed74d66b226344e760778c9e939e7b9626b.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ခွေးကိုက်ခံရတယ်ဆိုတာဟာ အချိန်နေရာမရွေးဖြစ်ပေါ်နိုင်ပြီး ခွေးကိုက်ခံရတဲ့အချိန်မှာ အရေးပေါ်ဘယ်လိုကုသပေးရမလဲဆိုတာကိုတော့ လူတွေသိပ်မသိကြပါဘူး ။ ဒါ့ကြောင့်ပရိသတ်တွေကို ခွေးကိုက်ခံရတဲ့အခါမှာ အရေးပေါ်ကုသပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

photo credit - pngtree
photo credit - pngtree

ပထမဆုံးခွေးကိုက်ခံရပြီဆိုရင် အကိုက်ခံရတဲ့ဒဏ်ရာကို ရေသန့်သန့်လေးနဲ့ဆေးကြောပေးပါ။ ပီးရင်တော့ ဒဏ်ရာကိုသွေးတိတ်သွားအောင် သန့်ရှင်းတဲ့လက်ကိုင်ပုဝါ ၊ အဝတ် တစ်ခုခုနဲ့သုတ်ပေးပါ ။သွေးတိတ်သွားပြီဆိုရင်တော့ ပိုးသတ်ပြီးသားပတ်တီးကို အရက်ပျံစွတ်ပြီး အကိုက်ခံရတဲ့ ဒဏ်ရာအနီးတဝိုက်ကို သုတ်ပြီး ပိုးသတ်ပေးပြီး ပြင်ပကပိုးတွေမဝင်အောင် ပတ်တီးစည်းထားပေးပါ။ ပီးရင်တော့ ဆရာဝန်ဆီသွားပြသင့်ပါတယ်။

photo credit - pngtree
photo credit - pngtree

နောက်ထပ်နည်းလမ်းတွေကတော့ ခွေးကိုက်ခံရတဲ့နေရာကို သံပုရာရည်လောင်းချပေးမယ်ဆိုရင်လည်း ခွေးရူးပြန်ရောဂါပိုးမဝင်နိုင်ပါဘူး ။ သံပုရာရည်ဟာ ဗီတာမင်စီ ဓာတ်ပါဝင်တဲ့အတွက် နာကျင်မှုကို သက်သာစေနိုင်သလို ရောဂါပိုးမကူးစက်နိုင်အောင် ကာကွယ်ပေးပါတယ်။အကယ်၍ ဒဏ်ရာက အရမ်းပြင်းထန်တယ်ဆိုရင်တော့ ချုပ်ရမယ့်အဆင့်ဖြစ်သွားပါပြီ။ ဒါဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ်လုပ်ရင် ကြည့်ရဆိုးနေမှာဖြစ်တဲ့အတွက် ဆရာဝန်ဆီကို အမြန်သွားပြသင့်ပါတယ်။အရင်ဆုံး မချုပ်ခင်မှာ အနာကို ရေနဲ့ သန့်ရှင်းအောင်အရင်ဆေးထားရပါမယ်။

photo credit - pngtree
photo credit - pngtree

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T