အရင်ကအလုပ်တူတူမလုပ်ချင်ဘူးဆိုတဲ့ကုမ္ပဏီတစ်ချို့ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် အခုပြန်ဆက်သွယ်လာကြတဲ့အပေါ် ပြတ်သားစွာပြောလာတဲ့ ပိုင်တံခွန်

//s9.kh1.co/92/924f80654f305a168b0d5332e3a20c63b64f3bb3.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ....မင်းသားချောလေးပိုင်တံခွန်ကတော့ ပြည်တွင်းရောပြည်ပမှာပါ အောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပြီး ပြည်ပကပရိတ်သတ်တွေကပါသည်းသည်းလှုပ် အားပေး၀န်းရံခံရတဲ့ မင်းသားချောလေးတစ်ယောက်ပါ။ သူဟာ တောင့်တင်းကျစ်လျစ်တဲ့ဘော်ဒီအမိုက်စားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး တက်တူးတွေဟာဆိုရင်လည်း အရမ်းကိုအထာကျနေတာကိုတွေ့ရပါတယ်။

Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc

ပိုင်တံခွန်ရဲ့အထာကျကျမိမိုက်လွန်းတဲ့ပုံတွေကြောင့် အခုရက်ပိုင်းမှာဆိုရင် ထိုင်း၊ တရုတ်၊ကိုရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေအထိ အောင်မြင်ကာနိုင်ငံတကာက ပရိသတ်တွေရဲ့ သဘောကျအားပေး၀န်းရံမှုကို အပြည့်အ၀ရရှိနေတာဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့အောင်မြင်မှုအပေါ်ကို အနုပညာရှင်အချင်းချင်းကလည်း အားပေးကြသလို ပရိသတ်တွေကလည်း တစ်ခဲနက်၀န်းရံပေးနေကြတာလည်း တွေ့ရပါတယ်နော်။ပိုင်တံခွန်ဟာ အခုလိုအောင်မြင်လာတာနဲ့အမျှ အလုပ်တူတူတွဲလုပ်ဖို့ ကမ်းလှမ်းလာကြတဲ့ကုမ္ပဏီတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်....။

Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc

မကြာသေးမီကတော့ ပိုင်တံခွန်ဟာ အလုပ်လုပ်ဖို့ကမ်းလှမ်းကြတဲ့ကုမ္ပဏီအချို့နဲ့ပက်သက်ပြီးလည်း သူ့ရဲ့သဘောထားကို Facebook my dayလေးမှာ " ကျနော်နဲ့အရင်ကတွဲမလုပ်ချင်တဲ့ ကုမ္ပဏီတစ်ချို့ရှိတယ်။ အခုချိန်ပြန်ဆက်သွယ်ကြတယ်။ ကျနော်ကတော့ အားလုံးကို တစ်ကယ် welcomeပါ၊ ငါ့ကိုတစ်ချိန်ကဒီလိုလုပ်လို့ဆိုတဲ့ အတွေးလည်းမရှိဘူး။ ဘာလို့ဆို အခုချိန်ထိ ကျနော်ကိုယ်ကို အသစ်လို့သတ်မှတ်ထားလို့ပါ။ လူတိုင်းအဆင်ပြေပြီး ချစ်ခင်နေရင်ပိုကောင်းတယ်လေ ကျနော်ကတော့အခုချိန်မှာကျနော်လုပ်ပေးနိုင်တဲ့ အရာရာတိုင်းအားလုံးအတွက် လုပ်ပေးချင်ပါတယ် ဒါပါပဲ......" ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc
Photo credit-Paing Takhon's Facebook acc

သတင်း အရင်းအမြစ်Paing Takhon's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T