၁၉၉၅ခုနှစ်က ဦးကျော်ဟိန်း၊ ဒွေးတို့နဲ့အတူ ချောင်းဝဆရာတော်ဘုရားကြီးဆီမှာအပ်နှံခဲ့တဲ့အကြောင်းတွေကို လွမ်းဆွတ်သတိရစွာပြောပြလာတဲ့ ပြည့်ဖြိုး

//s9.kh1.co/4b/4bf9383040af8a50d75337487ee7b50c751852d7.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ကွယ်လွန်ဆုံးပါးသွားတာနှစ်အတော်ကြာပေမယ့် အနုပညာလောကမှာ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ရင်ထဲနေရာယူထားနိုင်တဲ့ ဒိတ်ဒိတ်ကြဲပြည်သူ့အချစ်တွေကတော့ အကယ်ဒမီမင်းသားကြီးတွေဖြစ်ကြတဲ့ ဦးကျော်ဟိန်းနဲ့ ဒွေးတို့ပဲ ဖြစ်ပါတယ်နော်..။

သဘာဝကျပြီးပီပြင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေဟာ အနုပညာရှင်အချင်းချင်းတွေကတောင် လေးစားချစ်ခင်ကြကာ စံပြအဖြစ် မျိုးဆက်သစ်လူငယ် လေးစားအတုယူနေကြရပြီး ပြည်သူပရိသတ်တွေအားလုံးက ချစ်ခင်နေကြရသူတွေလည်း ဖြစ်ပါတယ်..။

Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc

အနုပညာရှင်တော်တော်များများရဲ့ လက်ဦးဆရာဖြစ်ခဲ့တဲ့ ဦးကျော်ဟိန်းနဲ့ ဒွေးတို့နဲ့အတူ အမှတ်တရတွေများစွာ ရှိခဲ့တဲ့အကြောင်းလေးတွေအပြင် ချောင်းဝဆရာတော်ဘုရားကြီးဆီမှာ အပ်နှံခဲ့ကြတဲ့အမှတ်တရလေးတွေကိုလည်း သရုပ်ဆောက်ပြည့်ဖြိုးက ပြောပြလာပါတယ်နော်..။

"၁၉၉၅ခု လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ဦးကျော်ဟိန်း ရဲ့ မျိုးဆက်သစ်

စိတ်အမွေဆက်ခံပွဲ သရုပ်ဆောင်သစ်ရွေးချယ်ပွဲ ရွေးချယ်ခံရပြီး

ချောင်းဝဆရာတော်ဘုရားဆီမှာအပ်နှံကာ ဗွီဒီယိုကန်တော့ပွဲပေးခဲ့

စတင်ရိုက်ကူးခြင်းအထိမ်းအမှတ်ပါ

ကျွန်တော် နိုင်ငံခြားသဘောၤတက်ခွင့်ရလို့ အဆက်ပြတ်ခဲ့ပါတယ်

၉၇ မှာ Model ပြန်လုပ်သလို ၂၀၀၀ ခုနှစ်ကျမှ အတည်တကျ အနုပညာတွေဆက်လုပ်ဖြစ်ပါတယ်

Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc

မနေ့က Post တင်တော့

ဘာကြောင့်ဝမ်းနည်းရလဲ လွမ်းရလဲလို့ ထင်ကြပါလိမ့်မယ်

လွမ်းခွင့်ရှိလို့ လွမ်းခဲ့ပါတယ် ဆရာတော်ဘုရား ဦးကျော် ကိုသားကြီး

မြင့်မြတ်တဲ့ဘုံမှာအေးချမ်းနေမယ်ဆိုတာယုံကြည်လျှက်ပါ ❤❤❤

အဲ့တုန်းက ဆရာတော်ကြီးဆီမှာ တစ်ယောက်ချင်းအပ်နှံ

တာပါ ကျွန်တော်အလှည့်မှာတော့ မောင်ကျော် မင်းဒီကလေး ကို

သေချာစောင့်ရှောက်ပါပြောပြီး ဂေါင်းကိုလက်နဲ့ ကိုင်ပြီး

အန္တရာယ်ကင်းရွတ်ပေးခဲ့ပါတယ် ??? အခုတော့

ကိုသားကြီး ရဲ့ညီအရင်း ဦးကျော်ရဲ့ တူ ကိုလေးရန်အောင် က

ရူတင်ဆုံရင် အမြဲဂရုတစိုက်စောင့်ရှောက်ပေးလို့ကျေးဇူးတင်ရပါတယ်.." ဆိုပြီး ဝေမျှပြောပြထားတာပါ..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ဦးကျော်နဲ့ကိုသားကြီးတို့ကို လွန်းဆွတ်သတိရနေကြတဲ့အကြောင်းလေးတွေကိုလည်း Comment လေးတွေမှာ ရေးသားပြောထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc
Photo Credit - Pyae Phyo's Fb Acc

သတင်း အရင်းအမြစ်Pyae Phyo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T