Nats Getty လို့ခေါ်တဲ့ အမေရိကန်နိုင်ငံသူလေးဟာ ကျော်ကြားတဲ့မော်ဒယ်တစ်ဦးဖြစ်သလို သူမဟာ လိင်တူချစ်မြတ်နိုးသူတစ်ယောက်လည်း ဖြစ်ပါတယ်။
Nats Getty ဟာ သူမရဲ့ချစ်သူ YouTuber တစ်ယောက်ဖြစ်သူ Gigi Lazzarato နဲ့အတူ 2016 ခုနှစ်လောက်ထဲက date နေခဲ့တာဖြစ်ပြီး 2018 ခုနှစ် March လလောက်မှာ proposed လုပ်ခဲ့ပြီး စေ့စပ်ခဲ့ကြပါတယ်။အဲ့ဒီနောက် 2019 ခုနှစ် July လမှာတော့ သူတို့နှစ်ဦးဟာ ဘဝတစ်ခုကို နှစ်ယောက်အတူ လက်တွဲဖြတ်ကျော်ဖို့ လက်ထပ်ခဲ့ကြပါတယ်။


အဲ့အချိန်ထိ Nats Getty ဟာ ယောကျာ်းတစ်ယောက်လိုနေထိုင်လာပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ဟာ မိန်းမတစ်ယောက်အဖြစ်နဲ့သာ ရှိနေခဲ့ပြီး ခန္ဓာကိုယ်ကို ခွဲစိတ်ခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းလောက်မှာတော့ Nats Getty ဟာသူမရဲ့ ခန္ဓာကိုယ်ကို ယောကျာ်းတစ်ယောက်လိုဖြစ်အောင် ခွဲစိတ်ခဲ့ပြီဆိုတာကို သူမရဲ့ Instagram အကောင့်ကနေ ပြသခဲ့ပါတယ်။
Nats Getty ဟာ သူမရဲ့မိန်းမဖြစ်သူနဲ့အတူ အပေါ်ပိုင်းအဝတ်မပါတဲ့ ပုံတွေကို တင်ပေးခဲ့ပြီး ခွဲစိတ်မှုကနေ သက်သာလာတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကိုပြသရင်း သူမဟာ transgender တစ်ယောက်ဖြစ်ခဲ့ပြီဆိုတာကို ပြောကြားခဲ့ပါတယ်။


Nats Getty ရဲ့ဒီလိုပြောင်းလဲမှုကိုတော့ သူ့ရဲ့မိန်းမဖြစ်သူ Lazzarato ကတော့ ဒီလိုပြောင်းလဲမှုအတွက် အရမ်းလဲပျော်ရသလို Nats အတွက်လည်း အရမ်းဂုဏ်ယူရတယ်လိုပ ပြောကြားထားပါတယ်။ဒါ့အပြင် Lazzarato ဟာ သူမရဲ့ YouTube Channel မှာ Nats Surgery လုပ်ခဲ့တဲ့ ပြောင်းလဲမှုအဆင့်ဆင့်ကို ဗီဒီယိုတစ်ခုရိုက်ပီး တင်ပေးထားပါသေးတယ်။ ဒီဗီဒီယိုလေးကိုပါ ပရိသတ်တွေ ကြည့်ရှုနိုင်စေဖို့အတွက် ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။






Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။