ဦးလို့ခေါ်ပြီး ဒီဇိုင်မျိုးမင်းစိုးရဲ့ လက်မောင်းကို ထုကာ အသည်းယားစရာကောင်းအောင် ချွဲနေခဲ့တဲ့ ထက်ထက်မိုးဦးရဲ့ ဗီဒီယိုလေး

//s9.kh1.co/ba/bac357a16949ecf5c83f2211f1fd73e0e35857ce.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးကြီး ထက်ထက်မိုးဦးလို့ပြောလိုက်တာနဲ့ မသိသူမရှိသလောက်ရှားပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက စလို့ ယနေ့အချိန်ထိ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေများစွာရရှိနေတဲ့ သူတစ်​ယောက်ပါ။ ကြော်ငြာမင်းသမီးကြီးလို့ အများက တင်စားခေါ်ဝေါ်နေကြတဲ့ ထက်ထက်မိုးဦးဟာဆိုရင် ယနေ့ခေတ်မှာလည်း Live saleနဲ့ ကျောက်မြတ်ရတနာတွေကို ရောင်းချနေခဲ့ပြီး လူမှုကွန်ယက် အသုံးပြုသူတွေကြား အတော်လေး ရေပန်းစားလူကြိုက်များနေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Myo Min Soe's FB ACCOUNT 
Photo credit - Myo Min Soe's FB ACCOUNT 

ကလေးလေးတစ်ယောက်လို အသည်းယားစရာကောင်းလွန်းနေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမက ရှိရင်းစွဲအသက်ထက် ပိုလို့တောင် နှပျိုနေပါသေးတယ်။ ထက်ထက်မိုးဦးက အကယ်ဒမီဆုတွေကိုလည်း များစွာ ရရှိထားတာဖြစ်ပြီး ယနေ့အချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကားတွေတိုင်းမှာ မိတ်ကပ်နဲ့ ဖက်ရှင်ကို အဓိကထားကာ ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်လေ့ရှိသူပါ။

Photo credit - Myo Min Soe's FB ACCOUNT 
Photo credit - Myo Min Soe's FB ACCOUNT 
Photo credit - Myo Min Soe's FB ACCOUNT 
Photo credit - Myo Min Soe's FB ACCOUNT 

သူမရဲ့ ပင်တိုင်ဒီဇိုင်နာတွေထဲမှာ မျိုးမင်းစိုးကလည်း အပါအဝင်ပါ။ မောင်နှမတွေလို ခင်မင်ရတဲ့ မျိုးမင်းစိုးနဲ့အတူ Tiktok လေးတွေ ဆော့ကစားလေ့ရှိတဲ့ ထက်ထက်မိုးဦးက ယနေ့မှာလည်း သီချင်းအဆန်းလေးတွေနဲ့ ဆော့ကစာစလာပြန်ပါတယ်။ လိုက်ဖက်လွန်းနေတဲ့ မျိုးမင်းစိုးနဲ့ ထက်ထက်မိုးဦးတို့ နှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။

Photo credit - Myo Min Soe's FB ACCOUNT 
Photo credit - Myo Min Soe's FB ACCOUNT 
Photo credit - Myo Min Soe's FB ACCOUNT 
Photo credit - Myo Min Soe's FB ACCOUNT 

သတင်း အရင်းအမြစ်Source - Myo Min Soe's FB ACCOUNT

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T