မွေးနေ့လေးမှာ အမှတ်တရလေးတွေနဲ့ Surprise ပေးကြတဲ့သူတွေကို ကျေးဇူးတင်စကားပြောလာတဲ့ ယွန်းယွန်း

//s9.kh1.co/3a/3a5f724c8870e89d9f191c75be8737baacc88df0.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မင်းသမီးချောလေး ယွန်းယွန်းကတော့ ဇန်နဝါရီလ ၁၉ ရက်နေ့က အသက် ၂၁ နှစ်ပြည့် မွေးနေ့လေးကို ကျရောက်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာတော့ ချစ်တဲ့သူတွေက အမှတ်တရလက်ဆောင်တွေနဲ့ ပျော်ရွှင်စရာမွေးနေ့ပွဲလေးတွေကို ကျင်းပပေးခဲ့တာကို မြင်တွေ့ရပါတယ်။ ယခုမှာဆိုရင် ယွန်းယွန်းက သူမရဲ့ မွေးနေ့လေးမှာ အမှတ်တရလေးတွေရရှိခဲ့လို့ ကျေးဇူးတင်ထိုက်သူတွေကို ကြည်နူးစရာ ကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။ "Yoonရဲ့ ၂၁နှစ်ပြည့်မွေးနေ့လေးမှာ ပျော်ရွှင်ခဲ့ရတဲ့အတွက် အမှတ်တရတွေဖြစ်ခဲ့ရတဲ့အတွက်ဖြည့်စည်းပေးသူတစ်ယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ရှင်..

PhotoCredit - Lyan Phonn Kywe 
PhotoCredit - Lyan Phonn Kywe 
PhotoCredit - Lyan Phonn Kywe 
PhotoCredit - Lyan Phonn Kywe 

မွေးနေ့ဆုတောင်းလေးတွေလုပ်ပေးကြတဲ့ ချစ်ခင်ရတဲ့သူတစ်ယောက်ချင်းစီရော..သီချင်းပါစပ်ပြီး surpriseလုပ်ကြတဲ့ Yoon's blessingsလေးတွေရော..မွေးနေ့လက်ဆောင်နဲ့ ပန်းစည်းတွေပို့ပေးကြတဲ့ Ko&ArrpuuLay fans တွေရော..အထူးသဖြင့် ကိုယ်တိုင်Surpriseဝိုင်းလုပ်ပေးတဲ့ DD teamကိုလဲပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ်.....သူငယ်ချင်းပျော်ဖို့အတွက်ဆို အသေးစိတ်ကအစ အချစ်တွေအပြည့်နဲ့စီစဉ်ပေးတဲ့ သဲတုံလေး Thazin Htoo Myint,....

PhotoCredit - Lyan Phonn Kywe 
PhotoCredit - Lyan Phonn Kywe 
PhotoCredit - Lyan Phonn Kywe 
PhotoCredit - Lyan Phonn Kywe 

ဘော်ဒါညီမလေးအတွက် surpriseတွေပေါင်းတိုက်တဲ့ ကိုစည် Si Thu Win, ကိုယ့်ညီမလေးတစ်ယောက်ကို ပျော်စေချင်တဲ့စိတ်နဲ့ဆေးတွေထိုး ပြန်ချော့တဲ့ Ko thein Thein Linn Soe, DD familyလေးYoonအတွက် ခေါင်းစားခံ အပင်ပန်းခံပေးတဲ့ Mama Phyu Sin Lin, Uniqueဖြစ်တဲ့ idea ယွန်းအုပ်ပန်းစည်းလေးရယ် Braceletလေးနဲ့ မနက်ရောညပါ Double Surprise လုပ်တဲ့ ကို Aung Min Khant , တို့ကို အမြဲကျေးဇူးတင်နေမှာပါ.. Yoonပျော်ဖို့အတွက်ဆို ၂၁နှစ်လုံးအကောင်းဆုံးတွေပဲပေးခဲ့တဲ့ ဖေဖေနဲ့မေမေကိုလဲများကြီးချစ်ပါတယ်ရှင်.."ဆိုပြီးရေးသားထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ အသက် ၂၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးချောလေး ယွန်းယွန်းကို မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်။

PhotoCredit - Lyan Phonn Kywe 
PhotoCredit - Lyan Phonn Kywe 
PhotoCredit - Lyan Phonn Kywe 
PhotoCredit - Lyan Phonn Kywe 

သတင်း အရင်းအမြစ်Source - Lyan Phonn Kywe fb pag

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T