ငယ်ငယ်တည်းက ကြိုက်ခဲ့ရတဲ့ကိုနေတိုးနဲ့အတူသရုပ်ဆောင်ခွင့်ရခဲ့ပြီး ချီးကျူးခံလိုက်ရတဲ့အတွက် ပျော်လွန်းလို့တုန်ပါတုန်ခဲ့ရတဲ့ သဇင်ထူးမြင့်

//s9.kh1.co/dd/dd8dd33943090e19afac86de8211c5e9b9373f7c.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြရတဲ့ ပြည်သူ့အသည်းကျော်လေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်.....။ သဲသဲလေးလို့ချစ်စနိုးခေါ်ကြတဲ့ သဇင်ထူးမြင့်ဟာ စွယ်စုံရအနုပညာရှင်ကြီး ဦးခင်လှိုင်ရဲ့သမီးလေးလည်းဖြစ်ပြီးတော့ အနုပညာသွေးအပြည့်ပါတာကြောင့် အနုပညာလောကထဲကို ရွှေကြိုတစ်ယောက်အနေနဲ့စတင်ပြီး၀င်ရောက်လာကာ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်နော်။

Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc

သဇင်ထူးမြင့်ဟာ အခုလက်ရှိမှာဆိုရင်လည်း ယွန်းယွန်း၊အောင်မင်းခန့်၊ စည်သူ၀င်းတို့နဲ့အတူ Double Dating programလေးကိုရိုက်ကူးနေတာဖြစ်ပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်၀န်းရံအားပေးမှုကိုရရှိနေတာဖြစ်ပါတယ်။ ဒါ့ပြင်သဇင်ထူးမြင့်ဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်းဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး မကြာသေးမီကလည်းအေးမြဖြူရဲ့ သီချင်းသစ်လေးမှာ ကိုနေတိုးနဲ့အတူပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်နော်။

Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc

သဇင်ထူးမြင့်ဟာ မင်းသားချောနေတိုးကိုငယ်စဉ်ကတည်းက အားပေးခဲ့ရသူဖြစ်ပြီး အခုလိုအတူတူသရုပ်ဆောင်ရတဲ့အတွက် အပျော်ကြီးပျော်နေတာဖြစ်တဲ့အပြင် နေတိုးဆီကလည်းချီးကျူးတာခံခဲ့ရတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ "အကို့ဆီက ချီးကျူးစကားကြားရတာကို တကယ်ကိုပျော်မိပါတယ်❤️...ငယ်ငယ်တည်းက အရမ်းသဘောကျပြီး အားပေးခဲ့ရတဲ့အကိုနဲ့ အလုပ်တူတူ လုပ်ခွင့်ရတာ တကယ်ကိုအမှတ်တရပါ...တကယ်ကိုမတွေးခဲ့ဘူးတဲ့ အရာတခု ဖြစ်လာတဲ့တွက် အရမ်းပျော်ပါတယ်...သဲတုံ တစ်ယောက် တကယ်တုန်နေပါတယ်?....." ဆိုပြီးရေးသားထားခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc
Photo credit-Thazin Htoo Myint's Facebook acc

သတင်း အရင်းအမြစ်Thazin Htoo Myint's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T