နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းလေး ယုသန္တာတင်နဲ့ မမျှော်လင့်ပဲ ပြန်ဆုံရတဲ့ ဝမ်းသာမဆုံးဖြစ်နေတဲ့ ရီရီပွင့်ဖြူ

//s9.kh1.co/a6/a6d74116740ebea8c29f8af7f27d03063fc14e1f.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာနယ်ပယ်မှာ ဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ယုသန္တာတင်နဲ့ ရီရီပွင့်ဖြူတို့ နှစ်ယောက်ကတော့ မမျှော်လင့်ပဲ ပြန်လည်ဆုံတွေခွင့်ရလို့ တစ်ယောက်ကို တစ်ယောက်ဖက်ကာ ဝမ်းသာနေကြတာပါ။ ဟိုးအရင် ဆယ်စုနှစ်ကျော်လောက်က အနုပညာလောကမှာ အောင်မြင်မှုတွေ တစ်ခဲနက်ရရှိခဲ့ကြပြီး ဇာတ်ဆောင် မင်းသမီးတွေ ဖြစ်တဲ့ ယုသန္တာတင်နဲ့ ရီရီပွင့်ဖြူတို့က ပရိသတ်အားပေးချစ်ခင်မှုကို ယနေ့တိုင် ရရှိနေဆဲပါ။

Photo credit - Yi Yi Pwint Phyu's FB account
Photo credit - Yi Yi Pwint Phyu's FB account
Photo credit - Yi Yi Pwint Phyu's FB account
Photo credit - Yi Yi Pwint Phyu's FB account

ဟိုးအရင်ကထက် ပိုပိုပြီး အလှတွေတိုးလာတဲ့ သူတို့ သူငယ်ချင်း နှစ်ယောက်က ကိုယ်စီ ဘဝခရီးလမ်းကို လျှောက်လှမ်းနေကြပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးနေတာဖြစ်ပါတယ်။ ရီရီကလည်း အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ အလှမ်းမဝေးရအောင် လူမှုကွန်ယက်ထက်မှာ ချစ်သူလေးနဲ့အတူ Vlogလေးတွေ ရိုက်ကူးရင်း တင်ပေးလေ့ရှိတာပါ။

Photo credit - Yi Yi Pwint Phyu's FB account
Photo credit - Yi Yi Pwint Phyu's FB account

ယခုလို သူငယ်ချင်း ယုသန္တာတင်နဲ့ ပြန်လည်တွေ့ဆုံတဲ့အခါမှာ အရမ်းကို ဝမ်းသာနေခဲ့တဲ့ ရီရီက နှစ်ယောက်သားပုံလေးကို တင်ပေးလာရင်း " နှစ်​ပေါင်းများစွာကွဲကွာ​နေ​သော နှစ်ယောက် မချိန်းဘဲ လာ​တွေ့ ​ပျော်ကြသည်​ပေါ့နော် " ဆိုပြီး ရေးသားလာတာပါ။ အပျော်စီးလှေကြီးပေါ်မှာ တွေ့ဆုံကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ကြည်နူးစရာပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်...။

Photo credit - Yi Yi Pwint Phyu's FB account
Photo credit - Yi Yi Pwint Phyu's FB account
Photo credit - Yi Yi Pwint Phyu's FB account
Photo credit - Yi Yi Pwint Phyu's FB account

သတင်း အရင်းအမြစ်Source - Yi Yi Pwint Phyu's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T