သူမရဲ့ အသစ်ထွက်ရှိထားတဲ့ သီချင်းလေးနဲ့ မာန်ပါပါ ခံစားချက် အပြည့်ထည့်ကာသရုပ်ဆောင်ထားတဲ့ မြတ်သူရဲ့Tik Tok ဗီဒီယို

//s9.kh1.co/f9/f9c55c9f9cd834e52baf550dd7a233e3adca8efc.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ သရုပ်ဆောင် ကောင်းလွန်းလို့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေး ချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ကတော့ မြတ်သူသူ ပဲဖြစ်ပါတယ်။ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မြတ်သူကတော့ MRTV-4 ဇာတ်လမ်းတွဲတွေ များစွာကို ရိုက်ကူးထားသူ ဖြစ်ပြီး အခု နောက်ပိုင်းမှာ ဆိုရင်တော့ ကြော်ငြာတွေကိုပါ လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။သူမကတော့ သရုပ်ဆောင်ပိုင်းတွင် ထူးချွန်သူလေး ဖြစ်တဲ့ အပြင် သီချင်းဆိုတာလေးကိုပါ ဆက်လက် လုပ်ကိုင်ကာ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ထပ်မံရရှိသူလေး ဖြစ်ပါတယ်။

Photo Credit -Myat Thu Thu FB Account
Photo Credit -Myat Thu Thu FB Account
Photo Credit -Myat Thu Thu FB Account
Photo Credit -Myat Thu Thu FB Account

လတ်တလောမှာတော့ Mini Album လေးဖြစ်တဲ့ "မရှိမဖြစ်"သီချင်းခွေလေး ထွက်ရှိထားတာ ပဲဖြစ်ပါတယ်။မြတ်သူဟာ မြန်မာဆန်ဆန်လေးတွေကို ဝတ်ဆင်တတ်သူ ဖြစ်ပြီး လှပတဲ့ ခန္တာကိုယ်အချိုးအစားလေး ရှိတဲ့အပြင် ချစ်စရာကောင်းတဲ့ အပြုံးလေးတွေ ရှိတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးချောလေး လည်းဖြစ်ပါတယ်။ရိုးသားကြိုးစားနေတဲ့ ပရိသတ်အချစ်တော်လေး မြတ်သူကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လေး ကြိုးစားနေသူလေး ဖြစ်ပါတယ်။

Photo Credit -Myat Thu Thu FB Account
Photo Credit -Myat Thu Thu FB Account
Photo Credit -Myat Thu Thu FB Account
Photo Credit -Myat Thu Thu FB Account

မြတ်သူဟာ Tik Tok လေးတွေကို သိပ်မကစားတတ်ပေမယ့်လည်း သူမကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေ အတွက် အားထုတ်ကြိုးပမ်းကာ တင်ပေးလာတာ ဖြစ်ပါတယ်နော်.......။သူမရဲ့ အသစ်ထွက်ရှိထားတဲ့ သီချင်းအသစ်လေးနဲ့ အပီအပြင် သရုပ်ဆောင်ကာ ဗီဒီယိုလေးကို ရိုက်ကူးကာ ပရိသတ်တွေ အတွက် မျှဝေပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ် တွေကလည်း မြတ်သူလေးကို ကြည့်ရှု ချစ်ခင်အားပေးနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Myat Thu Thu FB Account
Photo Credit -Myat Thu Thu FB Account

သတင်း အရင်းအမြစ်Myat Thu Thu Tik Tok Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T